Main menu

ဗြိတိန်နိုင်ငံနှင့် အိန္ဒိယတို့သည် ကုန်သွယ်ရောင်းဝယ်မှုနှင့်ပက်သက်၍ ဆွေးနွေးသဘော တူညီခဲ့ကြ

Powered by Drupal

      ဗြိတိန်နှင့်အိန္ဒိယတို့သည် နှစ်အတန်ကြာဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ကုန်သွယ်မှု သဘောတူညီချက်တစ်ရပ်အား သဘောတူညီခဲ့ကြကြောင်း Downing Street မှ မေလ ၆ ရက်နေ့ တွင်ထုတ်ပြန်သော ကြေညာချက်တစ်ရပ်အရ သိရသည်။ ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံ အကောက်ခွန်လမ်းကြောင်း၏ ၉၀ ရာခိုင်နှုန်းခန့်ကို လျှော့ချဖြတ်တောက်မည်ဖြစ်ပြီး ယင်းတို့ အနက် ၈၅ ရာခိုင်နှုန်းသည် ဆယ်စုနှစ်တစ်ခု အတွင်း အကောက်ခွန်ကင်းစင်သွားမည်ဖြစ် ကြောင်းသိရသည်။ တစ်ချိန်တည်းတွင် ဝီစကီနှင့်ဂျင်အပေါ်အခွန်စည်းကြပ်မှုမှာ သဘောတူညီ ချက်၏ ၁၀ နှစ်အတွင်း ၄၀ ရာခိုင်နှုန်းအထိလျှော့မချခင် ၁၅၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းသို့ ထက်ဝက်ခန့် လျှော့ချသွားမည်ဖြစ်သည်။ မော်တော်ယာဉ်အကောက်ခွန်များကိုလည်း ခွဲတမ်း တစ်ခု အောက်တွင် ၁၀၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချသွားမည်ဖြစ်သည်။ ဗြိတိန် ဝန်ကြီးချုပ် Keir Starmer က အဆိုပါသဘောတူညီချက်အား “မှတ်တိုင်” အဖြစ် ဆိုရှယ်မီဒီယာ X တွင် ချီးကျူးဖော်ပြခဲ့သည်။ အဆိုပါသဘောတူညီချက်အရ နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၅.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၄.၁၂ ဘီလီယံ) နှင့်ဗြိတိန်၏ပြည်တွင်းအသားတင် ထုတ်ကုန် GDP သည် ရေရှည်၌ တစ်နှစ်လျှင် ပေါင် ၄.၈ ဘီလီယံတိုးလာရန် မျှော်မှန်းထားကြောင်း သိရသည်။

 

Source : Xinhua

DOCA(ရန်ကုန်)