Main menu

၂၀၂၅ ခုနှစ်၏ ပထမ ၄ လပတ်ကာလတွင် ငရုတ်ကောင်းနှင့် သစ်ကြံပိုးခေါက် တင်ပို့မှုမှ ဝင်ငွေရရှိမှုအားကောင်းခဲ့သည့် ဗီယက်နမ်

Powered by Drupal

       ၂၀၂၅ ခုနှစ်၏ ပထမ ၄ လတာကာလတွင် ဗီယက်နမ်၏ ငရုတ်ကောင်းတင်ပို့မှုသည် ပမာဏတွင် ကျဆင်းခဲ့သော်လည်း ဈေးနှုန်းများမြင့်တက်ခြင်း၏ ကျေးဇူးကြောင့် ဝင်ငွေရရှိမှု တွင် မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးမသေချာမရေရာမှုများ ကြောင့် ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များသည် အစဉ်အလာဈေးကွက်များကို မီခိုနေရမှုကို လျှော့ချရန်အတွက် ဈေးကွက်များကွဲပြားရေးကို တက်ကြွစွာဆောင်ရွက်ခဲ့ကြောင်း သိရ ပါသည်။ ဗီယက်နမ်ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (VPSA) ထံမှ အချက် အလက်များအရ ၂၀၂၅ ခုနှစ်၏ ပထမ ၄ လတာကာလတွင် ဗီယက်နမ်သည် ငရုတ်ကောင်း တန်ချိန် ၇၄၂၅၀ တန် တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၅၁၀.၆ သန်းရှိခဲ့ကြောင်း သိရ ပါသည်။ ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက တင်ပို့သည့်ပမာဏတွင် ၁၀.၆ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ဝင်ငွေရရှိမှုတွင် ၄၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါ သည်။ နိုင်ငံ၏ ထိပ်တန်းငရုတ်ကောင်းတင်ပို့ရာဈေးကွက်များတွင် အမေရိကန်ပါဝင်ပြီး တန်ချိန် ၁၆၆၈၂ တန်ဖြင့် စုစုပေါင်းတင်ပို့မှု၏ ၂၂.၅ ရာခိုင်နှုန်းရှိခဲ့ကာ ၂၆.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ထိပ်တန်းဈေးကွက်များတွင် အမေရိကန်၊ တရုတ်နှင့် ဂျာမနီ တို့ပါဝင်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် ပြုပြင်ထုတ်လုပ်တင်ပို့ ရန်အတွက် အမေရိကန်ဒေါ်လာ ၈၈.၃ သန်းတန်ဖိုးရှိသော ငရုတ်ကောင်းတန်ချိန် ၁၅၃၇၄ တန်ကိုတင်သွင်းခဲ့ပြီး ပမာဏတွင် ၂၅.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ တန်ဖိုးတွင် ၁၀၄.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ငရုတ်ကောင်းအပြင် ဗီယက်နမ်သည် ၂၀၂၅ ခုနှစ်၏ ပထမ ၄ လတာကာလတွင် သစ်ကြံပိုးခေါက်တန်ချိန် ၃၁၉၇၆ တန်တင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၄.၉ သန်းရရှိခဲ့ကာ ပမာဏတွင် ၄၃.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ တန်ဖိုးတွင် ၃၀.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိပ်တန်းသစ်ကြံပိုးခေါက် တင်ပို့ရာဈေးကွက်များတွင် အိန္ဒိယ၊ အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ်တို့ပါဝင်ကြောင်း သိရပါသည်။

Reference; Vietnam Plus  

DOCA(ရန်ကုန်)