Main menu

ကရင်ပြည်နယ်အတွင်း ဝင်ရောက်လာသော မင်းကွတ်သီးဈေးနှုန်း

Powered by Drupal

     ၂၀၂၅ခုနှစ်၊‌ မေလ ဒုတိပတ်တွင် ကရင်ပြည်နယ် ဘားအံမြို့ ရေပေါ်ဈေးအတွင်း မင်းကွတ်သီးများ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ထိုမင်းကွတ်သီးများအား မွန်ပြည်နယ် သထုံမြို့မှ ဝင်ရောက် နေကြောင်း သတင်းရရှိပါသည်။

    မင်းကွတ်သီးဟာ ချိုချိုချဉ်ချဉ် အရသာရှိသောကြောင့် တော်တော်များများက အအိပြေစေတဲ့ အသီးအဖြစ်စားသုံးကြသည်။ နောက်တစ်ခုကတော့ ဒူးရင်းသီးနဲ့ မင်းကွတ်သီးဟာ ပေါ်တဲ့ရာသီ ချင်း တူတာကြောင့် ဒူးရင်းသီးစားပြီး အီတယ်ဆိုရင် မင်းကွတ်သီး ချဉ်ချဉ်လေးကို တွဲဖတ်စားသုံးကြပါသည်။ မင်းကွတ်သီး စားသုံးခြင်းအားဖြင့် ကယ်လိုရီနည်းခြင်း၊ ဗီတာမင်စီပါဝင်ခြင်း၊ သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း၊ ကင်ဆာဖြစ်ပွားမှုကို လျော့ချပေးခြင်း၊ ဓမ္မတာမှန်ခြင်း၊ ဆီးချိုအရမ်းမတက်ခြင်း၊ အသားအရေပြဿာနာတွေ ရှင်းပေးခြင်း၊ ဆဲလ်သေတွင်ဖယ်ရှားခြင်း စသည့်အကျိုးကျေးဇူးများရရှိ စေနိုင်ပါသည်။ မင်းကွတ်သီးကို သကြားနှင့်တွဲဖတ်၍ မစားသုံးသင့်ကြောင်း သတိပြုသင့်ပါသည်။          ကရင်ပြည်နယ်အတွင်းဝင်ရောက်လာသော မင်းကွတ်သီးများကို ခြင်းတောင်းများဖြင့်သာ ဝယ်ယူ ကြရပြီး လက်ကားဈေးနှုန်းမှာ အလုံးသေး (၅၀၀)လုံးပါတစ်ခြင်းတောင်းလျှင် (၁၀၀,၀၀၀)ကျပ်၊ အလုံးလတ် (၃၀၀)လုံးပါ တစ်ခြင်းတောင်းလျှင် (၁၅၀,၀၀၀)ကျပ်တို့ဖြင့် ဝယ်ယူကာ  လက်လီဈေးနှုန်း အလုံးသေး တစ်လုံးလျှင် (၃၀၀)ကျပ်၊ အလုံးလတ် တစ်လုံးလျှင် (၈၀၀)ကျပ်၊ အလုံးကြီး တစ်လုံးလျှင် (၁,၀၀၀)ကျပ် အထိ ဈေးနှုန်းများရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)