Main menu

တရုတ်တောင်ပိုင်းတွင် တရုတ်-ကမ္ဘောဒီးယားရာဘာထုတ်လုပ်ရာ အခြေစိုက်ဌာနဖွင့်လှစ်

Powered by Drupal

     တရုတ်-ကမ္ဘောဒီးယားရာဘာထုတ်လုပ်ရာအခြေစိုက်ဌာနကို တရုတ်နိုင်ငံတောင်ပိုင်း Guangxi Zhuang Autonomous ဒေသရှိ Nanning မြို့တော်တွင် တရားဝင်ဖွင့်လှစ်ခဲ့ ကြောင်း သိရပါသည်။ ထိုအခြေစိုက်ဌာနသစ်ကို အရှေ့တောင်အာရှနှင့် စက်မှုကဏ္ဍပူးပေါင်း ဆောင်ရွက်မှုနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုမြှင့်တင်ရန် ဒီဇိုင်းဆွဲထားကြောင်း သိရပါ သည်။ ၇၅၀၀ စတုရန်းမီတာကျယ်ဝန်းသည့် ထိုဌာနသည် နှစ်စဉ်ရာဘာတန်ချိန် ၂၄၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိသည့် ရာဘာချက်လုပ်ခြင်း၊ R&D စင်တာနှင့် သိုလှောင်ရုံတို့ပါဝင်မည်ဟု သိရပါသည်။ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများက စီမံကိန်းကိုပံ့ပိုး ပေးမည်ဟု သိရပါသည်။ ထိုင်းနိုင်ငံမှကျွမ်းကျင်ပညာရှင်အဖွဲ့က နည်းပညာပံ့ပိုးမှုနှင့် စီမံခန့်ခွဲမှုတို့ပံ့ပိုးသွားမည်ဟု သိရပါသည်။ ၂၀၂၆ ခုနှစ်မှစ၍ ထိုအခြေစိုက်ဌာနသည် နှစ်စဉ်ခန့်မှန်း အခွန်ငွေ တရုတ်ယွမ် ၅၄ သန်းနှင့်အတူ ဝင်ငွေ တရုတ်ယွမ် ၁.၀၈ ထရီလီယံ ရရှိရန်ခန့်မှန်းရကြောင်း သိရပါသည်။ Nanning ဒုတိယမြို့‌တော်ဝန် Zhong Hong က ထိုအခြေစိုက်ဌာနသည် ရာဘာပြုပြင်ထုတ်လုပ်ခြင်းနှင့် အာဆီယံဈေးကွက်များနှင့် ကုန်ပစ္စည်းကုန်သွယ်ရာ အခြေစိုက်ဖြစ်လာမည်ဟု ပြောကြားခဲ့ပါသည်။ ယခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် အာဆီယံသည် ယွမ် ၁.၇၁ ထရီလီယံဖြင့် တရုတ်၏အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်အဖြစ်ဆက်လက်တည်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၇.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။

Reference; Khmer Times  

DOCA(ရန်ကုန်)