Main menu

ဈေးကွက်အတွင်း စားအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်များအား ကွင်းဆင်းအသိပေး

Powered by Drupal

                စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေမှုများနှင့်ပတ်သက်၍ တိုင်းဒေသကြီးဦးစီးမှူး၏ ညွှန်ကြားချက်ဖြင့် ဈေးကွက်အတွင်း လက်လီ/ လက်ကား ရောင်းချနေသော စားအုန်းဆီအရောင်းဆိုင်များအား ပြန်လည်ရောင်းချရာ၌ လက်ကား ရောင်းချနေသူများအနေဖြင့် ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားဈေးနှုန်းများကို အပါတ်စဉ် ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ရာ ဒေသအရောက် ဈေးနှုန်းအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက် မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရန်၊ လက်လီဈေးများ အတွင်း၌လည်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချပေးစေရေးတို့ကို ရန်ကုန်တောင်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ်များသို့ ဌာနဝန်ထမ်းများမှ ကွင်းဆင်းအသိပေးဆောင်ရွက်ခဲ့ကြပါသည်။ ၎င်းအပြင် စားအုန်းဆီများအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စားသုံးသူပြည်သူလူထုအနေဖြင့် စားသုံးဆီအား ထိုက်သင့်သည့် ဈေးဖြင့် ဈေးကွက်အတွင်း အလွယ်တကူ ဝယ်ယူစားသောက်နိုင်ရေး စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသူများမှ ဝိုင်းဝန်းထိန်းကျောင်း ဆောင်ရွက်ပေးသွားရန်တို့ကို ကွင်းဆင်းရှင်းလင်း အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)