Main menu

မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နွေစပါးစတင်ရိတ်သိမ်းလျှက်ရှိ

Powered by Drupal

             မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၇)စုမှ ကျေးရွာစုစုပေါင်း(၁၈၀)ရွာ၌ စပါးစိုက်တောင်သူများ၏ နွေစပါးများစတင်ရိတ်သိမ်းလျှက်ရှိကြောင်း သိရပါသည်။မြို့သစ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ် စပါးစိုက်ဧက (၁၁၆၂၀)ဧက လျာထားလျှက်ရှိသော်လည်း စိုက်ဧက(၆၁၁၂)ဧကခန့် စိုက်ပျိုးခဲ့ပြီး စိုက်ဧကအပြည့်အဝ စိုက်ပျိုးနိုင်ခြင်းမရှိသေးကြောင်း သိရပါသည်။

              စပါးစိုက်တောင်သူများသည် ယခုအချိန်တွင် နွေစပါးများစတင်ရိတ်သိမ်းလျှက် ရှိရာ တောင်သူလယ်သမားအများစုမှာရတနာတိုးစပါးနှင့် မနောသုခစပါးမျိုးများကို အဓိကထား စိုက်ပျိုးကြပြီး တစ်ဧကသွင်းအားစု ထည့်နိုင်မှုအပေါ်မူတည်၍ တင်း (၁၀၀)မှ (၁၂၅)တင်းအထိ ထွက်ရှိပြီး တစ်တင်းလျှင် (၆၅၀၀)မှ (၇၅၀၀)အထိ စျေးနှုန်းအသီးသီး ရှိကြကြောင်း သိရပါသည်။ မနောသုခစပါးကို ဒေသတွင်းစားသုံးကြပြီး ရတနာတိုးစပါးကို အောက်ပြည်(ပဲခူးဘက်) သာယာဝတီအရက်ချက် စက်ရုံမှလာရောက်ဝယ်ယူလျှက်ရှိပါကြောင်း မြို့သစ်မြို့နယ်၊  လယ်ပြင် ရပ်ကွက်ရှိ  လယ်ပိုင်ရှင် ဦးမြင့်ဆွေ၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)