Main menu

မော်လမြိုင်ကုန်စည်ဒိုင်၏ ကြက်မောက်သီးနှင့် ဒူးရင်းသီး ဈေးနှုန်းများ

Powered by Drupal

     မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံများနှင့် ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှု အကောင်းဆုံးပြည်နယ်ဖြစ်ရာ နှစ်ရှည်သီးနှံများဖြစ်သည့် ကြက်မောက်သီးနှင့် ဒူးရင်းသီးများ စတင်ထွက်ရှိချိန် ယခင်နှစ်များထက် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။

     ၂၀၂၅ ခုနှစ်၊ မေလ ဒုတိယအပတ်တွင် ကြက်မောက်သီး အကြီး (၁ကီလို) လျှင် ၂၃၀၀၀ ကျပ်၊ ကြက်မောက်သီး အ‌သေး (၁ကီလို) လျှင် ၁၂၀၀၀ ကျပ်၊ ဒူးရင်းသီး (ယိုးဒယားသီး) တစ်ကီလိုလျှင် ၂၀၀၀၀ ကျပ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပြီး အဆိုပါ ကြက်မောက်သီးနှင့် ဒူးရင်းသီးများကို မော်လမြိုင်-ရန်ကုန် ကားလမ်းဘေး ဝဲ/ယာ ဆိုင်များနှင့် ရန်ကုန်၊ မကွေးနှင့် အခြားမြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)