Main menu

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် တိုင်း/ပြည်နယ်များမှ သစ်သီးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး မေလ (၆) ရက်နေ့ မှ မေလ (၁၂) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော ပြင်ဦးလွင်မှ ဘောက်သီး တစ်ပိဿာ ကျပ် ၈၀၀၀/၁၂၀၀၀၊ တိုက်ကြီး မှ ကျွဲကောသီး ကျပ် ၃၅၀၀၊ ပြင်ဦးလွင်မှ ပင်မှည့်သီး တစ်ပိဿာ ကျပ် ၅၀၀၀/၈၀၀၀၊ မင်းဂွတ်သီး ၁၀ လုံး ကျပ် ၃၅၀၀၊   ပြင်ဦးလွင် မှ စတော်ဘယ်ရီ တစ်ဗူး ကျပ် ၂၀၀၀/၆၀၀၀၊ အောင်ပန်း မှ လိမ္မော်သီး တစ်လုံး ကျပ် ၃၀၀/၆၀၀၊ သီပေါမှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျပ် ၁၀၀၀၀/၈၀၀၀/၄၀၀၀၊ ပုပ္ပါးမှ မာလာကာသီး အိတ်ကြီး တစ်အိတ်  ၈၀၀၀၀ /၉၀၀၀၀ ကျပ်၊ ယိုးဒယားပန်းသီး တစ်သေတ္တာ ကျပ် ၁၃၀၀၀၀/၁၆၀၀၀၀၊  ဘီးလင်းမှ ပိန္နဲသီး ကျပ် ၃၀၀၀၀/၁၅၀၀၀/၅၀၀၀ ၊ ဧရာဝတီတိုင်းမှ မချစ်စု တောင်းတစ်တောင်း ကျပ် ၄၀၀၀၀/ ၃၅၀၀၀၊  သရက်သီး(ရင်ကွဲ) ၂၅၀၀၀/၁၈၀၀၀၊ မန္တလေး မှ သရက်သီး စိန်တစ်လုံး ဂျပ်ဖာ ၃၀၀၀၀/ ၂၅၀၀၀/၁၀၀၀၀ ကျပ် တို့ရှိကြောင်း သစ်သီးဈေးနှုန်းများသည့် ဈေးနှုန်းမြှင့်တက်မှုမရှိဘဲ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်ဈေးနှုန်းများ အနည်းငယ်သာပြောင်းလဲကြောင်း  သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)