
ပူပြင်းလှသည့်နွေရာသီတွင် ပြည်မြို့ဈေးကွက်များတွင် ဘူးသီးများဈေးနှုန်းမြင့်တက်လျက်ရှိပြီး ရေသွင်းစိုက်ပျိုးရသည့်အတွက် သီးနှံအထွက်နှုန်းလျော့နည်းကာဈေးကွက်အတွင်း ဝင်ရောက်မှု လျော့နည်းသွားပါသည်။ ဘူးသီးကိုပြည်မြို့အနီး တစ်ဝိုက်ရှိ ဝက်ပုတ်၊ အင်းမ၊ ဆင်မြီးဆွဲ၊ မှော်ဇာ၊ ပုတီးကုန်း၊ သဲကုန်း၊ တောင်လုံးညိုအစရှိသည့် နယ်များတွင်စိုက်ပျိုးလျက်ရှိပြီး ဘူးသီးသည် ရေရရှိပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး ယခုကာလပူပြင်းချိန်တွင် ရေသွင်းစိုက်ပျိုးရသဖြင့် ထွက်ရှိမှုအလွန်နည်းပါးသွားသည့်အတွက် ယခင်ဆောင်းရာသီဘူးသီးများ ပေါများချိန်တွင် ဘူးသီး တစ်စိတ်လျှင် ကျပ် (၁၀၀-၁၅၀)ရှိခဲ့ပြီး ယခုရှားပါးချိန်တွင် ကျပ်(၃၀၀-၄၀၀)နှုန်းများဖြင့် ရောင်းချလျက်ရှိပြီး ဘူးသီးအလုံးလိုက် တစ်လုံးလျှင် အကြီး (၃၀၀၀)ကျပ်၊ အသေး (၂၅၀၀)ကျပ်တို့ ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိကြောင်း သိရှိရသည်။
DOCA(ပဲခူး)