
ပြည်ပဲဈေးကွက်အတွင်း သင်္ကြန်ပြီးကာလမှာ ပဲသစ်များဝင်ရောက်မှုအနေဖြင့် ပဲထွက် ပေါ်ချိန်ကာလတုန်းကကဲ့သို့ ဝင်ရောက်မှု အများအပြားမရှိခဲ့သော်လည်း ပုံမှန်ဝင်ရောက်မှု ရှိခဲ့ရာ မတ်ပဲ၊ ကုလားပဲ၊ ပဲကြီး စသည့်သီးနှံများမှာ အိတ် (၅၀၀)ကျော် (၁၀၀၀)နီးပါးထိဝင်ရောက်ခဲ့ပြီး လှောင်ပဲသမားနှင့် ရန်ကုန်ဝယ်လက်များအဝယ်ရှိခဲ့ကြပါသည်။ ပဲပုတ်သီးနှံအနေဖြင့် ယခုကာလမှာ ပဲအဝင်သိပ်မရှိသော်လည်း လက်ကျန်ပဲများရှိသည့်အတွက်လက်လီ/လက်ကားဝယ်ယူမှုအပေါ်အိတ် (၁၅၀)ကျော် (၂၀၀)အထိ ရောင်းချမှုရှိခဲ့ပါသည်။ ပဲဈေးမှာတစ်တင်းလျှင် (၁၃၀၀၀၀)ကျပ်ဖြင့် ရောင်းဝယ်နေကြသည့်အတွက်မတ်ပဲ၊ ပဲစဉ်းငုံသီးနှံများဆက်ဈေးပိုရနေသလို ယခင်နှစ်ဈေးထက် လည်းသိသိသာသသာ ဈေးပိုရနေခဲ့ပါသည်။ ယခင်နှစ်များက ပဲပုပ်သီးနှံသည် ပြည်ပဝယ်လို အားများနေသည့် ပဲများထဲတွင် ဈေးအနိမ့်ဖြင့်သာရောင်းဝယ်နေခဲ့ပြီးယခုနှစ်မှာတော့ ပဲသစ်စ ဝင်ချိန်ကတည်းက ကျပ်၁သိန်းကျော်အထိ ရရှိနေသည့်အတွက် ယခုနှစ်ပဲပုပ်သီးနှံဈေးကောင်း ရသည့်နှစ်ဖြစ်ခဲ့ကြောင်းလေ့လာသိရှိရပါသည်။
DOCA(ပဲခူး)