Main menu

ဈေးကွက်သို့ဝင်ရောက်လာပြီဖြစ်သော မြကျောက်သရက်သီးဈေးကွက်

Powered by Drupal

          ပြည်မြို့မှာ ထွက်ရှိသောမြကျောက်သရက်သီးများ ဈေးကွက်သို့ ဝင်ရောက်လာ ပြီဖြစ်ပါသည်။ ပြည်မြို့တွင် ဧပြီလသင်္ကြန်ကာလတွင် မိုးအနည်းငယ်ရွာသွန်းသောကြောင့် အချို့သရက်ပင်များရှိ သရက်သီးများမှာ မိုးထိမှန်သောကြောင့် ချိုသောအရသာဝင်ကာ ရောင်းတန်းဝင် သရက်သီး များအဖြစ် ခူးဆွတ်ရနေကြပြီဖြစ်ပါသည်။ ပြည်မြို့တဖက်ကမ်း ရှိရွှေဘုံသာသရက်သီးများ လဲဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်ကမြကျောက်သရက်သီးတစ်လုံးကို (၁၅၀၀-၂၀၀၀)ခန့် စတင်ရောင်းချလျက်ပြီး ယခုနှစ်တွင် သရက်သီးတစ်လုံးကို (၂၅၀၀-၂၀၀၀) ခန့်ဖြင့်စတင်ရောင်းချလျက်ရှိ ပြီးယခုနှစ်တွင် သရက်သီးတစ်လုံးကို (၂၅၀၀-၂၀၀၀) ခန့် ဖြင့်စတင်ရောင်းချလျက်ရှိပါသည်။ ဧပြီလလွန် မေလဆန်းကာလတွင် သရက်သီးများ လှိုင်လှိုင်ပေါ်ထွက်တော့မည်ဖြစ်ပါသည်။

DOCA(ပဲခူး)