Main menu

မိတ္ထီလာခရိုင် စားသုံးသူရေးရာဦးစီးဌာနတွင် စက်သုံးဆီများ ရည်ညွှန်းဈေးအတိုင်းရောင်းချရေး ဆွေးနွေးပွဲကျင်ပ

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၌ မိတ္ထီလာခရိုင်အတွင်း ဖွင့်လှစ်ရောင်းချနေသော စက်သုံးဆီရောင်းချသည့်လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ၂၂.၆.၂၀၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရပါသည်။ ဆွေးနွေးပွဲသို့ မိတ္ထီလာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မိတ္ထီလာခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ စက်သုံးဆီရောင်းချခွင့်လက်မှတ်ရဆိုင်များမှ ကိုယ်စားလှယ်(၁၉)ဦးတို့ တက်ရောက်ခဲ့ပါသည်။         ဆွေးနွေးပွဲတွင် မိတ္ထီလာခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက တက်‌ရောက်သည့် လုပ်ငန်းရှင်များအား စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီမှ နေ့စဥ်သတ်မှတ်ပေးသည့် ရည်ညွှန်းဈေးအတိုင်း ရောင်းချကြရန်နှင့် ဌာနအနေဖြင့် ဈေးနှုန်းစာရင်းများကောက်ခံခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စက်သုံးဆီဆိုင်များအနေဖြင့် မြေပြင်တွင်အမှန်တကယ် ရောင်းချသည့် ဈေးနှုန်းသတင်းများထုတ်ပြန်ရန်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှလည်း အခါအားလျှော်စွာ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်နေကြောင်း၊ PPRD အနေဖြင့် နောက်ပိုင်းတွင် ခရိုင်ရည်ညွှန်းဈေးများပါ သတ်မှတ်ပေးသွားမည်ဖြစ်၍ လက်လီ/လက်ကား ဈေးနှုန်းများကို သတ်မှတ်နှုန်းထားများထက် ပိုမိုရောင်းချပါက အရေးယူခြင်းခံရမည်ဖြစ်ပါ၍ အထူးဂရုပြုဆောင်ရွက်ကြရန်လိုအပ်ကြောင်း  ဆွေးနွေးပြောကြားခဲ့ပါသည်။ မိတ္ထီလာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဌာနမှူးမှလည်း စက်သုံးဆီမြင့်တက်မှုကိုမိမိတို့ တစ်နိုင်ငံတည်း ကြုံတွေ့နေရခြင်းမဟုတ်ဘဲ ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်နေရခြင်းအား လုပ်ငန်းရှင်များအနေဖြင့် သိရှိနားလည်ကြမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များကြုံတွေ့နေရသည့် အခက်အခဲများအပေါ် ညှိနှိုင်းတင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တက်‌‌ရောက်လာသည့် စက်သုံးဆီအရောင်ဆိုင်လုပ်ငန်းရှင်များမှလည်း ၎င်းတို့အနေဖြင့် တရားဝင်လက်လီအရောင်းဆိုင်များဖြစ်ပြီး သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့် စိစစ်ရောင်းချပေးနေကြောင်း ဆွေးနွေးခဲ့ကြပါသည်။

DOCA(မန္တလေး)