Main menu

မိတ္ထီလာမြို့နယ် မြို့မစျေးအတွင်း အထူးစျေးနှုန်းဖြင့် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်း နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်၊ ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၂ ခုနှစ်  ဇွန်လ ၁၈ ရက်နေ့တွင် အထူးစျေးနှုန်းဖြင့် စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

           ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ပြည်ပမှစားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံမှ စားသုံးဆီများ တိုက်ရိုက်ဝယ်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းသို့ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ချိတ်ဆက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသော ရည်ညွှန်းဈေးများဖြင့် စားသုံးသူပြည်သူများအား ရောင်းချပေးခြင်းဖြစ်ကြောင်း၊ ရောင်းချနေသည့် စားအုန်းဆီများ၏ အလေးချိန်နှင့် ဈေးနှုန်းမှန်ကန်ရေး၊ ခွဲတမ်းရစားအုန်းဆီများ အမှန်တကယ် ရောင်းချစေရေး စားသုံးသူစိတ်ကျေနပ်မှုရှိစေရေးကို စျေးကွက်အတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ ယခုလအတွင်း ဆီကုန်သည်များအသင်းက ဆီတစ်ပိဿာလျှင် (၆၀၀၀)ကျပ်နှုန်းဖြင့် ဆီပီပါ(၃၄၀)ကို မိတ္ထီလာမြို့ရှိ ပြည်သူများထံသို့ အိမ်ထောင်စု(၁)စုလျှင် ဆီ (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးနေကြောင်း အကြော်အလှော်လုပ်ငန်းများသို့လည်း (၅)ပိဿာ၊ (၁၀)ပိဿာ စသဖြင့် လုပ်ငန်းအကြီးအသေးအလိုက် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)