
မအူပင်ခရိုင် အတွင်း အခြေခံစားကုန်ဖြစ်သော ကြက်ဥ၊ဘဲဥများကို ကြက်ခြံ၊ ဘဲခြံများရှိပြီး ဈေးကွက်အတွင်း၌ ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ကြက်ဥ/ဘဲဥ ဈေးနှုန်းမှာယခင်ကထက် ပိုမိုမြင့် တက်လာသည်ကို တွေ့ရှိရပါသည်။
ယခင် မတ်လ ဘဲဥကြီး တစ်လုံးလျှင်ကျပ်(၅၅၀)၊ ဥလတ် (၅၂၀)၊ ဥသေး (၅၀၀)ကျပ်၊ ကြက်ဥ ကြီးတစ်လုံးလျှင် ကျပ် (၄၅၀)၊ ဥသေးတစ်လုံးလျှင် ကျပ်(၄၂၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ယခု လက်ရှိဈေးကွက်အတွင်း ရောင်းချနေသော ကြက်ဥဈေးနှုန်းမှာ ဥကြီးတစ်လုံး လျှင် ကျပ်(၄၈၀) ၊ ဥသေး (၄၅၀) ကျပ် ၊ဘဲဥကြီး တစ်လုံးလျှင် ကျပ် (၆၀၀)၊ ဥလတ်တစ်လုံးလျှင် (၅၈၀) ဥသေး တစ်လုံးလျှင် ကျပ်(၅၅၀) ဈေးနှုန်းဖြင့် အရောင်းချနေကြောင်း ဘဲဥကြီး ဈေးမြင့်တက်ရခြင်းမှာ ဧပြီလ၊ မေလတွင် ဘဲဥအကြီး ဥနိုင်မှု ကျဆင်းလာပြီး နေပြင်းသောကြောင့် ဖြစ်နေကျ ဖြစ်စဉ်ဖြစ်သောကြောင့်လည်းကောင်း၊ ကျန်သော ဘဲဥအလုံးသေးများမှာပုံမှန်ထွက်ရှိနေပြီး ယခုရက်ပိုင်း အနည်းငယ်မြှင့်တက်လာကြောင်း လက်ကား ဈေးမြှင့်လာမှုကြောင့် ဈေးကွက်အတွင်း သင်တင်မျှတစွာ ရောင်းချရခြင်း ဖြစ်ကြောင်းကို ကြက်ဥ /ဘဲဥရောင်းချသူတစ်ဦးထံမှ သိရှိရပါတယ်။
DOCA(ဧရာဝတီ)