
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အခွန်လွတ်ဈေးတွင် မရမ်းသီးများ ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။ မရမ်းသီးများသည် ဒေသထွက် နှစ်ရှည်ပင်သီးနှံဖြစ်ပြီး မအူပင်မြို့ ရှေ့ဘက်ကမ်းရှိ နေအိမ်ခြံများတွင် အနည်းငယ်စိုက်ပျိုးထားပြီး နှစ်စဉ် မတ်လနှင့် ဧပြီလ၊ မေလများတွင် ဈေးကွက်ရောင်းတန်းဝင်၍ ရောင်းချကြောင်း သိရသသည်။
ရောင်းချမှုအနေဖြင့် မရမ်းသီးအချိ၊ ချိုချဉ်နှင့်၊ အချဉ်သီး ဟူ၍ ၃မျိုးရှိပြီး မရမ်းချို ၁ပိဿာလျှင် ၅၀၀၀/-၊ မရမ်းချိုချဉ် ၄၀၀၀/-၊ မရမ်းအချဉ် ၃၀၀၀/-ဖြင့် ရောင်းချနေပြီး ယခင်နှစ်ဈေးထက် ၅၀၀ကျပ် မြှင့်တက်လာကြောင်း မရမ်းသီးရောင်းချသူများထံမှသိရသည်။ ရန်ကုန်ဘက်မှ ဝင်ရောက်သော မရမ်းသီးများရှိပြီး ရန်ကုန်အဝင် မရမ်းချိုချဉ်သီး ၁ပိဿာလျှင် ၃၈၀၀-၄၃၀၀ကျပ်ဖြင့် ရောင်းချနေကြောင်း သိရသည်။ ဒီရွာသီးများသည် အိမ်ခြံများတွင် စိုက်ပျိုးထားပြီး တစ်နေ့လျှင် ပိဿာ ၃၀-မှ ၅၀အထိ ခူးယူရောင်းချရကြောင်း ၃လအတွင်း ထွက်ရှိကြောင်း ရောင်းချသူထံမှ သိရသည်။
DOCA(ဧရာဝတီ)