Main menu

မအူပင်မြို့နယ် ဘိလပ်မြေအမျိုးအစားအလိုက် ဈေးကွက်အခြေအနေ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်မြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေမှာ ဧပြီလက ဈေးနှုန်းအနည်းငယ်မြှင့်တက်လာခဲ့ကြောင်းသိရှိရပြီး ပြည်တွင်းတည်ဆောက်ရေး လုပ်ငန်းများ အနေဖြင့် ရန်ကုန်မှ ပစ္စည်းအဝင်နည်းပါးသဖြင့် အကန့်အသတ်ဖြင့်သာ ရောင်းချကြပြီး ရန်ကုန်အဝင်ဈေးနှုန်းပေါ် မူတည်၍ ဈေးနှုန်းများ အပြောင်းအလဲရှိနိုင်ကြောင်း သိရှိရသည်။

    ကွင်းဆင်းစစ်ဆေးချက်အရ ဈေးကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် Alpha အမျိုးအစား ဘိလပ်မြေမှာ မတ်လ နောက်ဆုံးပတ်အတွင်း တစ်အိတ်လျှင်  ၂၅၀၀၀ကျပ်မှ ၂-၅-၂၀၂၅ ရက်နေ့ဈေးမှာ ၂၆၀၀၀ကျပ်ဈေးနှုန်းဖြစ်ပြီး ကွာဟချက် ၁၀၀၀ကျပ် မြင့်တက်လာခဲ့ပါသည်။ Apache ယခင်ဈေး ၂၄၀၀၀ကျပ်မှ ယခုဈေး ၂၅၀၀၀ကျပ် ငွေကျပ် ၁၀၀၀ကျပ် မြှင့်တက်၊ ယခင် ဆင်မင်းဈေး ၂၇၀၀၀ကျပ် ယခုဈေး ၂၇၅၀၀၀ကျပ် ဖြစ်၍ ၅၀၀ကျပ် မြင့်တက်လာကြောင်း မေလအတွင်း  ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

DOCA(ဧရာဝတီ)