Main menu

လွိုင်ကော် ဈေးကွက်အတွင်း၌ အရောင်းသွက်နေတဲ့ တညင်းသီး

Powered by Drupal

        ရာသီအချိန်ကာလဖြစ်သော တညင်းသီးးများကို ဇွန်လအတွင်းတွင် စားသုံးသူများက ကြိုက်နှစ်သက်၍ဈေးကောင်းပေးပြီး ဝယ်ယူစားသုံးကြပါသည်။ တညင်းသီး များကို ကယားပြည် နယ် ၊လွိုင်ကော်မြို့နယ် ဒေသရှိကျေးရွာများမှ ထွက်လျက်ရှိရာ ပေါ်ဦးပေါ်ဖျား အချိန်ရာသီ ဖြစ်၍ ဈေးကောင်းရပြီး အဝယ်လည်းလိုက်နေပါသည်။ အခုအဈေးကွက်အတွင်း ရောင်းချ‌နေ သော ကယားပြည်နယ်ထွက် တညင်းသီး များသည် အဓိကအားဖြင့် အမျိုးအစားနှစ်မျိုးတွေ့ရပြီး အလုံးအကြီး၊ အသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း သိရပါသည်။ တညင်းသီး (စာကလေး) အချော တစ်လုံး လျှင် ကျပ် ၆၀ မှ ၈၀ ကျပ်၊ တညင်းသီး (စာကလေး)အလတ် တစ်လုံးလျှင် ကျပ် ၄၀ မှ ၅၀ ကျပ်၊ တညင်းသီး (ထောပတ်)အချော တစ်လုံးလျှင် ကျပ် ၅၀ မှ ၆၀ ကျပ်၊ တညင်းသီး ( ထောပတ် ) အလတ်တစ်လုံး လျှင် ကျပ် ၄၀ မှ ၅၀ ကျပ် ထိရှိပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိ၍ ဈေးကောင်း ရပြီး အဝယ်လိုက်နေကြောင်း သိရှိရပါတယ်။

DOCA(ကယား)