Main menu

ဈေးကွက်အတွင်း ဂေါ်ဖီထုပ် ဈေးနှုန်းကျဆင်းလျှက်ရှိ

Powered by Drupal

                ကယားပြည်နယ်တွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို လွိုင်ကော်မြို့နယ်ရှိ လင်ဖုံလေးနှင့် ကုန်းသာကျေးရွာများတွင် အဓိကစိုက်ပျိုးကြပြီး ယခုမိုးရာသီအချိန်တွင် ၎င်းဒေသများမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ ဈေးကွက်အတွင်း အများအပြားဝင်ရောက်လာရာ ဒေသ ထွက် ဂေါ်ဖီထုပ်ဈေးနှုန်းမှာ ယခု ဇွန်လအတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး(၅၀၀)ကျပ်၊ အသေး(၂၀၀)ကျပ်ဈေး အရောင်းအဝယ်ဖြစ်လျှက်ရှိရာ ယခင် မေလ တွင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး (၈၀၀)ကျပ်၊ အသေး(၄၀၀) ကျပ်ဈေးရှိခဲ့ပြီး ယခင် မေလ နှင့် ယခု ဇွန်လ နှိုင်းယှဉ်လျှင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး(၃၀၀)ကျပ် ၊အသေး (၂၀၀) ကျပ်ခန့် ဈေးနှုန်းကျဆင်းလာကြောင်း ၊ ဈေးနှုန်းကျဆင်းရခြင်းမှာ ဒေသထွက် ဂေါ်ဖီထုပ်များ ဈေးကွက်အတွင်း ဝင်ရောက်လာခြင်းကြောင့်  ဈေးနှုန်းကျဆင်းရခြင်းဖြစ်သည်ဟု လွိုင်ကော်မြို့၊  သီရိမင်္ဂလာဈေးရှိ ဂေါ်ဖီထုပ် ရောင်းချ သော လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)