Main menu

ပခုက္ကူဈေးကွက်၌ အာလူးဈေးတက်ပြီးအရောင်းအဝယ်ဖြစ်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်း နှင့် ပေါက်ဒေသထွက် အာလူးများ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ အာလူးသီးနှံသည် ပြည်သူအများ စားသုံးမှုမြင့်မားလျက်ရှိပြီး စားဖိုဆောင်သီးနှံအဖြစ် စားသုံးမှုအပြင် ဒေသတွင်း ကုန်ကြမ်း အာလူးသီးနှံမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အာလူးကြော်ထုတ်လုပ်မှု လုပ်ငန်းများလည်း တွင်ကျယ် စွာ ဆောင်ရွက်လျက်ရှိ၍ အာလူးသီးနှံမှာ ဒေသတွင်းသုံးစွဲမှုများ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဈေးကွက်မှသိရသည်။

     ၂၀၂၅ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် အာလူးအလုံးအရွယ်အစားနှင့် အရည်အသွေးလိုက်၍ အာလူး (အလုံးကြီး)ရှယ် တစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ အာလူး(အလုံးလတ်) တစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ အာလူး(အလုံးသေး) တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် ဧပြီလ (စတုတ္ထပတ်)တွင် အာလူး(အလုံးကြီး)ရှယ် တစ်ပိဿာလျှင် ကျပ်(၅၅၀၀)၊ အာလူး(အလုံးလတ်) တစ်ပိဿာလျှင် ကျပ်(၄၅၀၀)၊ အာလူး(အလုံးသေး) တစ်ပိဿာလျှင် ကျပ် (၃၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက အာလူးတစ်ပိဿာလျှင် ကျပ်(၁၅၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ဒေသတွင်းစိုက်ခင်းများမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်မဟုတ်၍ ဈေးကွက်တွင် ကုန်ဝင်ရောက်မှုနည်း ခြင်းအပြင် သယ်ယူစရိတ်ကြီးမြင့်ခြင်းကြောင့် ဈေးတက်ကြောင်း သီးနှံဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)