
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။
ငါးပတ်ကို ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မေလ တတိယအပတ်တွင် ကန့်ဘလူမြို့၏ ငါးပတ် ဈေးနှုန်းများအနေဖြင့် ငါးပတ် ရှယ်ဆိုက်ဝင်(အကြီး) တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ် နှင့် ငါးပတ် အကောင်သေး တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)