Main menu

တမူးမြို့တွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

               စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တမူးခရိုင်၊ တမူးမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး Talk Show အား တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ၂၃.၆.၂၀၂၂ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

               အဆိုပါ Talk Show တွင် စားသုံးသူရေးရာဦးစီးဌာန၊ တမူးမြို့နယ်တာဝန်ခံ ဦးစွမ်းရည်မှ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် စားသုံးသူကာကွယ်ပေးရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သော ပြဌာန်းချက်များနှင့် စားသုံးသူအခွင့်အရေး များနှင့်တာဝန်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများကြုံရပါက အရေးဆိုတိုင်ကြားနိုင်မှုများ ပြုလုပ်နိုင်ကြောင်းနှင့် စားသုံးသူရေးရဦဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများစသည်တို့ကို  အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)