စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူပြည်သူများအား စားသုံးသူအခွင့်အရေးများနှင့် အကျိုးစီးပွားများကို ထိရောက်စွာကာကွယ်ပေးနိုင်ရေးအတွက် ခရိုင်/မြို့နယ်များအလိုက် စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါသည်။
ယင်းသို့ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို လျာထားချက်ပြည့်မီ ကျော်လွန်အောင်ဆောင်ရွက်နိုင်ရေးနှင့် စားသုံးသူရေးရာကော်မတီအစည်းအဝေး(၂/၂၀၂၂) ဆုံးဖြတ် ချက်အရ ၂၀၂၂ ခုနှစ် ဇွန်လအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲများကို တက္ကသိုလ်များ၊ ကောလိပ်များ၊ သင်တန်းကျောင်းများတွင် အလေးပေးဆောင်ရွက်နိုင်ရေး စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် (၉.၆.၂၀၂၂)ရက်နေ့ မုံရွာတက္ကသိုလ်တွင်လည်းကောင်း၊ (၂၄.၆.၂၀၂၂)ရက်နေ့ မုံရွာပညာရေးဒီဂရီကောလိပ်တွင်လည်းကောင်းကျင်းပခဲ့ရာ တိုင်းဒေသကြီးဦးစီးမှုး ဦးကျော်ကျော်လွင်ဦးဆောင်မှုဖြင့် ဒု-တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်တို့သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ရည်မှန်းချက်နှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များ ဆွေးနွေးဟောပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါအခွင့်အရေးများနှင့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူနစ်နာမှုများအားရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်း များနှင့် ဖြေရှင်းဆောင်ရွက်ခဲ့မှုများအကြောင်းများကို ဟောပြောရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် (၁၀.၆.၂၀၂၂)ရက်နေ့တွင် စစ်ကိုင်းခရိုင် ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူးဦးဆောင်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအားလည်းကောင်း၊ (၂၀.၆.၂၀၂၂) ရက်နေ့တွင် ကလေးခရိုင်ဦးစီးမှူးရုံးမှ တမူးမြို့နယ်တာဝန်ခံဦးဆောင်၍ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပန်းချီသင်တန်းတွင်လည်းကောင်း၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်မှူးဦးဆောင်၍ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းတွင် လည်းကောင်း၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ မြို့နယ် တာဝန်ခံ ဦးဆောင်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများအားလည်းကောင်း၊ (၂၃.၆.၂၀၂၂)ရက်နေ့တွင် စစ်ကိုင်းခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးတက္ကသိုလ်တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ ရွှေဘိုတက္ကသိုလ်တွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအားလည်းကောင်း၊ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက် ခဲ့ရာ ဇွန်လတစ်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စုစုပေါင်းလူဦးရေ (၁၄၂၃)ဦးအား အသိပညာပေးခြင်းများဆောင်ရွက်နိုင်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါသည်။
DOCA(စစ်ကိုင်း)