
မြန်မာပြည်တွင် အထင်ရှားဆုံး ဟင်းခတ်အမွှေးအကြိုင်မှာ နံနံပင်ဖြစ်ပြီး အစေ့ကိုလည်း ဟင်းခတ်မဆာလာတွင် သုံးနိုင်သည်။ မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါး၊ အသုပ်စုံတို့ တွင်လည်း တွဲဖက် အသုံးပြုကြသည်။ ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး ကျန်ရာသီများတွင် ရှားပါးကာ စျေးကြီးပေသည်။ နံနံပင်အစေ့ကိုမစိုက်ခင် ရေတွင် (၂၄)နာရီကြာအောင် စိမ်ပြီးလျှင် ဆယ် ၍စစ်ထားရမည်။ ရေမစိမ်မီ ဂုံနီအိတ်ပေါ်တွင် တင်၍ပုလင်းဖြင့် နှစ်ခြမ်းကွဲသွားစေရန်အတွက် အသာအယာ လှိမ့်ပေးရန်လိုအပ်ပါသည်။ စစိုက်ပြီး တစ်ပတ်မှ(၁၀)ရက်အတွင်း အပင်ပေါက်လာပြီး (၄၅)ရက်သား မှစ၍ နှုတ်ယူစားသုံးခြင်း၊ ရောင်းချခြင်းများ ပြုလုပ်နိုင်သည်။
ယခုအခါ ထားဝယ်စျေးကွက်၌ မေလအတွင်း နံနံပင်စျေးကောင်းလျက်ရှိပြီး တစ်ပိဿလျှင် (၅၀၀၀)ကျပ် ခန့်ရှိကြောင်း သိရပါသည်။
DOCA(တနင်္သာရီ)