
၂၀၂၅ ခုနှစ်၏ ပထမ ၄ လတာကာလတွင် ကမ္ဘောဒီးယားသည် အမေရိကန်ဒေါ်လာ ၉.၁၃ ဘီလီယံတန်ဖိုးရှိသောကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၁၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အကောက်ခွန်နှင့်အခွန်အထွေထွေဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အဓိကတင်ပို့သည့်အမျိုးအစားများတွင် အဝတ်အထည်၊ ဖိနပ်၊ ခရီးသွားကုန် ပစ္စည်းများ၊ စက်ဘီးများ၊ ကားတာယာများ၊ ဆိုလာပြားများနှင့် ဆန်၊ ရာဘာ၊ ပီလောပီနံ၊ ငှက်ပျောသီး၊ သရက်သီးနှင့် တောကြက်မောက်သီး အစရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များ ပါဝင် ကြောင်း သိရပါသည်။ နိုင်ငံ၏ အဓိကတင်ပို့သည့်နိုင်ငံများမှာ အမေရိကန်၊ ဗီယက်နမ်၊ ဂျပန်၊ တရုတ်နှင့် ကနေဒါတို့ဖြစ်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားသည် ယခု နှစ်၏ ပထမ ၄ လတာကာလတွင် အမေရိကန်ဒေါ်လာ ၁၀.၃၆ ဘီလီယံတန်ဖိုးစံချိန်တင် တင်သွင်းခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၁၉.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါ သည်။ အဓိကတင်ပို့သည့်ကုန်ပစ္စည်းများတွင် ရေနံ၊ အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်းများထုတ်လုပ်ရန်အတွက် ကုန်ကြမ်းပစ္စည်းများ၊ စက်ပစ္စည်းများ၊ အီလတ်ထရောနစ် ပစ္စည်းများနှင့် စားသုံးကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရပါသည်။ စီးပွားကူးသန်းဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ Penn Sovicheat က ဒေသတွင်းဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက် သဘောတူညီချက်နှင့် ကမ္ဘောဒီးယား-တရုတ်လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် တို့က နိုင်ငံကုန်သွယ်ရေးကြီးထွားမှုအဟုန်ကိုမြှင့်တင်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Sovicheat က ထိုကုန်သွယ်ရေးသဘောတူညီချက်များသည် ၎င်းတို့၏ ရေရှည်နှင့် စဉ်ဆက်မပြတ်ကုန်သွယ်ရေးကြီးထွားမှုအတွက် အဓိကကျခဲ့ကြောင်းနှင့် နိုင်ငံသို့ ပြည်ပရင်းနှီး မြှုပ်နှံသူများကိုဆွဲဆောင်ပေးသည့် သံလိုက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
DOCA (ရန်ကုန်)