Main menu

 စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၏ ဇွန်လအတွင်း လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ပညာပေးဆွေးနွေးခြင်းများဆောင်ရွက်

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုသုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်မှန်း၍ စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်တတ်စေရန် လုပ်ငန်းရှင်တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်မှုများကို တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ခရိုင်/မြို့နယ်အလိုက်ဆောင်ရွက်ရာ လျာထားချက်ထက် ပြည့်မီကျော်လွန်၍ လုပ်ငန်းရှင်တွေ့ဆုံခြင်း (၂၅)ကြိမ်ကိုဆောင်ရွက်နိုင်ခဲ့ပါသည်။

            တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ (၅.၆.၂၀၂၂)ရက်နေ့တွင် မုံရွာကုန်စည်ဒိုင်လုပ်ငန်းရှင်များ (၂၁)ဦးအား တွေ့ဆုံဆွေးနွေးပြောကြားရာတွင် ကုန်စည်များအား ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ရောင်းချခြင်းများဆောင်ရွက်ရာတွင် မိမိတို့၏ကုန်စည်များအား အရည်အသွေး၊ အရေအတွက်၊ အချင်အတွယ်မှန်ကန်စေရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် အညီ ဆောင်ရွက်နိုင်စေရန် ပညာပေးဆွေးနွေးခြင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ဦးစီးမှူးရုံး များမှလည်း ကလေးခရိုင်ဦးစီးမှူးရုံးမှ (၁၆.၆.၂၀၂၂)ရက်နေ့တွင် ကလေးမြို့၊ မြို့သာရပ်ကွက် “ရွှေဗဟို”ဆီစက် လုပ်ငန်းရှင်နှင့်လည်းကောင်း၊ တမူးမြို့၊ စော်ဘွားရပ်ကွက် “ဇေယျာဝင်း”   ဆီစက်လုပ်ငန်းရှင်နှင့် လည်းကောင်း၊ (၂၁.၆.၂၀၂၂)ရက်နေ့တွင် ကလေးမြို့၊ မြို့သာရပ်ကွက် “ရွှေတော်ဝင်” ဆန်စက် လုပ်ငန်းရှင်နှင့်လည်းကောင်း လုပ်ငန်းရှင်တွေ့ဆုံခြင်း စုစုပေါင်း(၃)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၁၇.၆.၂၀၂၂)ရက်နေ့တွင် ကသာမြို့၊ ရပ်ကွက်(၁)  “လာဘ်ကောင်း” သောက်ရေသန့်လုပ်ငန်းရှင်နှင့်လည်းကောင်း၊ (၂၀.၆.၂၀၂၂) ရက်နေ့ ခရိုင်ဦးစီးမှူးရုံးတွင် “Fast Power” သောက်ရေသန့်လုပ်ငန်းရှင်နှင့်လည်းကောင်း လုပ်ငန်းရှင်တွေ့ဆုံခြင်း စုစုပေါင်း(၂)ကြိမ်၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ (၁၁.၆.၂၀၂၂)ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၂)ရက်ကွက် “ရွှေဝါဝင်း” ဆီဆိုင်လုပ်ငန်းရှင် နှင့်လည်းကောင်း၊ (၁၆.၆.၂၀၂၂)ရက်နေ့တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်တွင် “လင်းရောင်ဝင်း” စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်နှင့်လည်းကောင်း လုပ်ငန်းရှင် တွေ့ဆုံခြင်း စုစုပေါင်း(၂)ကြိမ်၊  (၂.၆.၂၀၂၂)ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်ရှိ လက်ရက်ကန်းလုပ်ငန်းရှင်နှင့်လည်းကောင်း၊ (၈.၆.၂၀၂၂)ရက်နေ့တွင် မြောင်မြို့၊ တောင်ရပ်ကွက်ရှိ “ဒေါ်အုန်းခ”ပေါင်မုန့်လုပ်ငန်းရှင်နှင့်လည်းကောင်း၊ (၉.၆.၂၀၂၂)ရက်နေ့တွင် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့၊ ကျန်စစ်သားရပ်ကွက်ရှိ “ရွှေပြည်စိုး” ပေါင်မုန့်လုပ်ငန်းရှင်နှင့်လည်းကောင်း၊ (၁၄.၆.၂၀၂၂) ရက်နေ့တွင် မြောင်မြို့၊ အလယ်ရပ်ကွက် ဆီစက်လုပ်ငန်းရှင်နှင့်လည်းကောင်း၊ (၁၇.၆.၂၀၂၂) ရက်နေ့တွင် စစ်ကိုင်း ခရိုင်၊ စစ်ကိုင်းမြို့၊ ဘော်ဂါရပ်ရှိ ကျောက်စိမ်းအချောထည် လုပ်ငန်းရှင်နှင့်လည်းကောင်း၊ (၂၁.၆.၂၀၂၂) ရက်နေ့တွင် စစ်ကိုင်းမြို့၊ မန်ကျည်းကုန်းရပ်ရှိ “ရွှေလရောင်” ကြိမ်အချောထည် လုပ်ငန်းရှင်နှင့် လည်းကောင်း၊ မြင်းမူမြို့၊ ကျန်စစ်သားရပ်ကွက်ရှိ “ချစ်စု” ကိတ်နှင့်မုန့်မျိုးစုံ လုပ်ငန်းရှင်နှင့် လည်းကောင်း လုပ်ငန်းရှင်တွေ့ဆုံခြင်း စုစုပေါင်း(၇)ကြိမ်၊ (၆.၆.၂၀၂၂)ရက်နေ့တွင် မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ “အောင်ချမ်းသာ” ဒိန်ချဉ်လုပ်ငန်းရှင်နှင့်လည်းကောင်း၊ (၈.၆.၂၀၂၂)ရက်နေ့တွင် မုံရွာမြို့၊ ကွေ့ကြီးရပ် “သိန်းသန်းစိုး” ယိုမျိုးစုံ လုပ်ငန်းရှင်နှင့် လည်းကောင်း၊ (၉.၆.၂၀၂၂)ရက်နေ့တွင် မုံရွာမြို့၊ ကွေ့ကြီးရပ် ပေါင်မုန့်လုပ်ငန်းရှင်နှင့်လည်းကောင်း၊ (၁၇.၆.၂၀၂၂)ရက်နေ့တွင် ဘုတလင်မြို့နယ်၊ မြဝတီရပ်ကွက် “ဂျူပီတာ” ဂျင်း၊လက်ဖက် လုပ်ငန်းရှင်နှင့်လည်းကောင်း လုပ်ငန်းရှင်တွေ့ဆုံခြင်း စုစုပေါင်း (၄)ကြိမ်၊ ယင်းမာပင်ခရိုင် ဦးစီးမှူးရုံးမှ (၁၅.၆.၂၀၂၂)ရက်နေ့တွင် ပုလဲမြို့၊ တောင်ရပ်ကွက်ရှိ ဆန်စက်လုပ်ငန်းရှင်နှင့်လည်းကောင်း၊ (၁၆.၆.၂၀၂၂)ရက်နေ့တွင် ယင်းမာပင်မြို့၊ (က)ရပ်ကွက်ရှိ “လင်းရတနာ” ဆီစက်လုပ်ငန်းရှင်နှင့် လည်းကောင်း လုပ်ငန်းရှင်တွေ့ဆုံခြင်း စုစုပေါင်း(၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ (၁၅.၆.၂၀၂၂) ရက်နေ့တွင် ရွှေဘိုမြို့နယ်၊  ဇီးကုန်းကျေးရွာ “မြတ်ပွင့်ခိုင်” ဆန်စက်လုပ်ငန်းရှင်နှင့်လည်းကောင်း၊ ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာရှိ “ရွှေမိ” စက်သုံးဆီ အရောင်းဆိုင်လုပ်ငန်းရှင်နှင့်လည်းကောင်း၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် ဆီလုပ်ငန်းရှင်အသင်း ဥက္ကဌနှင့်လည်းကောင်း ရေဦးမြို့နယ်၊ အောင်ချမ်းသာ ရပ်ကွက်ရှိ “ဖြူစင်”ဆန်စက်လုပ်ငန်းရှင်နှင့်လည်းကောင်း လုပ်ငန်းရှင်တွေ့ဆုံခြင်း စုစုပေါင်း (၄)ကြိမ်ဖြင့် ဆောင်ရွက်ခဲ့ကြပြီး လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက် နိုင်ရန် အသိပညာပေးဆွေးနွေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ပါသည်။

DOCA(စစ်ကိုင်း)