
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ မေလ ဒုတိယအပတ်အတွင်း အခြေခံစားကုန်စျေးနှုန်းအများစုမှာ စျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ ယခင် ၂၀၂၅ ခုနှစ်၊ ဧပြီလ အတွင်း အခြေခံစားကုန်စျေးနှုန်းများနှင့်နှိုင်းယှဥ်ပါက စားအုန်းဆီတစ်ပိဿာလျှင် (၇၉၀၀)ကျပ်မှ (၇၈၅၀) ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်မှ (၁၃၀၀၀)ကျပ် ၊ သကြား တစ်ပိဿာလျှင် (၅၆၀၀)ကျပ်မှ (၅၆၀၀)ကျပ်အထိ စျေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပြီး ထားဝယ်မြို့ စျေးကွက်အတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် (၂၈၀၀) ကျပ်မှ (၂၆၀၀)ကျပ်၊ ကြက်သား(cp) တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်မှ (၂၂၀၀၀)ကျပ်သို့ စျေးနှုန်းအနည်းငယ်ပြောင်းလဲနေပြီး အခြားသော အခြေခံစားကုန်စျေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။
DOCA(တနင်္သာရီ)