
ဗီယက်နမ်နိုင်ငံဒုတိယဝန်ကြီးချုပ်ဖြစ်သူ Nguyen Chi Dung သည် Binh Duong ပြည်နယ် Thu Dau Mot မြို့တော်တွင် ၁၅.၄၇ ဟတ်တာကျယ်ဝန်းသည့် Binh Duong IT ဇုန် သစ် တည်ထောင်မည့်ဆုံးဖြတ်ချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ထိုဇုန်တွင် IT အခြေခံအဆောက်အအုံတည်ထောင်ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုပံ့ပိုးခြင်း၊ လေ့ကျင့် ခြင်းနှင့် ဆော့ဖ်ဝဲထုတ်လုပ်ခြင်း၊ ဒစ်ဂျစ်တယ်နှင့် IT ဝန်ဆောင်မှုတို့ပါဝင်ကြောင်း သိရပါသည်။ ထိုဇုန်တွင်ရင်းနှီးမြှုပ်နှံမည့်စီးပွားရေးလုပ်ငန်းများသည် အခွန်ကင်းလွတ်ခြင်းနှင့် လျှော့ချခြင်း၊ မြေနှင့် အခြေခံအဆောက်အအုံကုန်ကျစရိတ်ပံ့ပိုးခြင်းနှင့် R&D အတွက် ဘဏ္ဍာရေးထောက်ပံ့ ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိမည်ဟု သိရပါသည်။ ထိုဇုန်သစ်သည် စမတ်မြို့တော်နှင့် ခေတ်မီစက်မှုနှင့်ဝန်ဆောင်မှုအတွက် ဦးဆောင်သူဖြစ်လာရန် Binh Duong ၏ ရေရှည်မဟာ ဗျူဟာတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရပါသည်။ နည်းပညာမြင့်နှင့် IT စီမံကိန်းများ ကျယ်ပြန့်စွာတည်ထောင်မှုသည် ဆီမီကွန်ဒတ်တာ၊ AI နှင့် စမတ်ကုန်ထုတ်လုပ်ခြင်း အစရှိသည့် နယ်ပယ်များရှိ ထိပ်တန်းလုပ်ငန်းများကို ဆွဲဆောင်ရန်အတွက် အားကောင်းသောအခြေခံ အုတ်မြစ်ဖြစ်လာရန် မျှော်မှန်းရကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်အောက်တိုဘာလတွင်လည်း Binh Duong တွင် ၂၂၀ ဟတ်တာကျယ်ဝန်းသည့် နည်းပညာမြင့်စက်မှုဇုန်တည်ထောင် ခဲ့ကြောင်း သိရပါသည်။ ထိုစီမံကိန်းသည် ပင်လယ်ဆိပ်ကမ်းများ၊ လေဆိပ်များ၊ အဝေးပြေး လမ်းများနှင့် မြို့ပြရထားလမ်းများပါဝင်သည့် အဓိကအခြေခံအဆောက်အအုံစနစ်များဖြင့် ပေါင်းစပ်ထားပြီး အစဉ်အလာစက်မှုလုပ်ငန်းစနစ်မှ ဖန်တီးနိုင်စွမ်းရှိပြီး စိမ်းလန်းကာ နည်းပညာမောင်းနှင်သော လုပ်ငန်းအဖြစ်အသွင်ကူးပြောင်းရန် ပြည်နယ်၏ရှင်းလင်းသော အာမခံချက်ကို ရောင်ပြန်ဟပ် ကြောင်း သိရပါသည်။ မတ်လတွင် ပြည်နယ်သည် ဗီယက်နမ်၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံးရရှိသည့်နေရာဖြစ်ခဲ့ကြောင်း သိရပါသည်။ ပြည်နယ်သည် လတ်တလောတွင် စုစုပေါင်းမတည်မှတ်ပုံတင်ငွေ အမေရိကန်ဒေါ်လာ ၄၂.၄ ဘီလီယံ တန်ဖိုးရှိ သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၄၃၉၉ ခု ရရှိထားကြောင်း သိရပါသည်။
DOCA (ရန်ကုန်)