စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင် စတင်ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ဇွန်လ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး) တစ်တင်းကျပ်၄၄၅၀၀၊ ပဲတီစိမ်း(သေး) တစ်တင်း ကျပ်၃၆၀၀၀၊ ပဲစဉ်းငုံ တစ်တင်းကျပ် ၄၄၇၀၀၊ မတ်ပဲ တစ်တင်းကျပ် ၅၃၅၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၄၅၅၀၀-၄၆၀၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၄၇၀၀၀၊ ကုလားပဲ V2(သစ်) တစ်တင်းကျပ် ၅၀၃၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၅၀၅၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။
ဂျုံဖြူသန့်တစ်တင်း ကျပ် ၄၄၅၀၀၊ ဂျုံနီတစ်တင်း ကျပ် ၄၂၅၀၀၊ ပဲကြီး(သစ်) တစ်တင်း ကျပ် ၆၈၅၀၀-၇၁၀၀၀၊ ပဲနီလုံးရိုးရိုး တစ်တင်း ကျပ် ၄၃၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၄၅၅၀၀၊ ပဲပုတ်စေ့ (ဗမာ) တစ်တင်း ကျပ် ၆၂၀၀၀၊ ထောပတ်ပဲ တစ်တင်းကျပ် ၄၃၀၀၀-၄၄၀၀၀၊ မြေထောက်ပဲ တစ်တင်း ကျပ် ၅၄၀၀၀-၅၈၅၀၀၊ ပုဂံပဲ တစ်တင်းကျပ် ၆၃၅၀၀၊ ပဲလွန်းဖြူတစ်တင်း ကျပ် ၃၂၀၀၀-၃၅၀၀၀၊ ပဲလွန်းပြာ တစ်တင်း ကျပ် ၃၁၀၀၀၊ ပဲယင်းဝါတစ်တင်း ကျပ် ၄၃၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ်တင်း ကျပ် ၁၄၈၀၀၊ ပြောင်းနီ တစ်တင်း ကျပ် ၁၄၂၀၀၊ ပြောင်းဖြူ တစ် တင်းကျပ် ၁၅၂၀၀၊ ဆီထွက်သီးနှံများ ဖြစ်သော နှမ်းသီးနှံပေါက်ဈေးနှုန်းများမှာ နှမ်းညို တစ်တင်းကျပ် ၅၀၀၀၀၊ နှမ်းနက် တစ်တင်းကျပ် ၆၅၀၀၀ -၇၃၀၀၀၊ နှမ်းဖြူတစ်တင်းကျပ် ၆၁၀၀၀၊ နှမ်းနီ တစ်တင်း ကျပ် ၅၀၀၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ် ၄၃၀၀-၄၃၅၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာကျပ် ၄၃၀၀-၄၄၀၀၊ ပဲဖတ်တစ်ပိဿာ ကျပ်၁၉၀၀၊ နှမ်းဖတ် တစ်ပိဿာကျပ် ၁၃၀၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၁၀၈၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရပါသည်။
ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းနှင့် ဆီထွက်သီးနှံဈေးနှုန်း များဖြစ်သော မြေပဲဆံနှင့် နှမ်းသီးနှံ ဈေးနှုန်းများမှာ အနည်းငယ် ဈေးကျနေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)