Main menu

“ငရုတ်ဆောင်းများဖြိုင်ဖြိုင်ရိတ်သိမ်း”

Powered by Drupal

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်သော ကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဈေးကွက်ဝယ်လိုအားရှိသော ငရုတ်သီးနှံကိုလည်း စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြပါသည် ။ ၂၀၂၄-၂၀၅ဘဏ္ဍာနှစ်တွင် ခရိုင် အတွင်း ငရုတ်ဆောင်းစိုက်ဧက(၅၀၇၄)ဧက စိုက်ပျိုးထားရှိပြီး မြစ်သားမြို့နယ်တွင် (၂၁၃၀)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း ၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည် ။ အများဆုံး စိုက်ပျိုးသောမျိုးများမှာ သာမို၊ ဒီမွန်နှင့်(၆၉၂) မျိုးများဖြစ်ပြီး အထွက်နှုန်းကောင်းသော (၆၉၂)မျိုးကို ပိုမိုစိုက်ပျိုးကြကြောင်း ၊ ငရုတ်ဆောင်းကို နိုဝင်ဘာလနှင့်ဒီဇင်ဘာလများတွင် စတင် စိုက်ပျိုးခဲ့ပြီး မတ်လ တတိယပတ်မှစတင်၍ ငရုတ်ဆောင်းများ ဖြိုင်ဖြိုင်ထွက်ပေါ်လျက်ရှိပါသည် ။ ငရုတ်ဆောင်း (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအာစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၅)သိန်းကျပ်ခန့် ကုန်ကျကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် အစိုပိဿာ(၈၀၀)၊ အခြောက် ပိဿာ(၄၀၀-၄၅၀)ခန့်ထွက်ရှိကြောင်း၊ ငရုတ်သီးအစို(၁)ပိဿာလျှင်(၅၈၀၀)ကျပ်၊ငရုတ်သီးအညှာပါ အခြောက်(၁)ပိဿာလျှင်( ၁၁၀၀၀)ကျပ်၊ ငရုတ်သီးအညှာခြွေ(၁)ပိဿာလျှင် (၁၃၀၀၀) ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိပြီး ဈေးကွက်အနေဖြင့် ငရုတ်စိုက်တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက်ရောင်းချ  ကြကြောင်း ၊ ပွဲရုံများမှတဆင့် မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါသည် ။ ယခုနှစ်တွင် ငရုတ်သီးအစို တင်ပို့မှုနည်းကြောင်း ၊ တောင်သူများမှ ငရုတ်ခြောက်များကိုသာ ပိုမို လာရောက်ရောင်းချလျက်ရှိကြောင်း ၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ် ၊ လုပ်သားခနှုတ်ပြီး သိန်း(၃၀)ကျပ်ခန့်မြတ်ကြောင်း ငရုတ်စိုက်တောင်သူတစ်ဦး၏ ပြောကြားချက် အရသိရှိရသည်။

DOCA(မန္တလေး)