Main menu

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ကန်ဇွန်းဥ ဈေးနှုန်း အခြေအနေ

Powered by Drupal

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် မိသားစု အိမ်ခြံမြေများနှင့် မိမိပိုင် ယာမြေများတွင်သာ စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချလျက်ရှိပါသည်။

    ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းရောင်းချနေသူများ သည် ကန်ဇွန်းဥ၊ ၊ ဂေါ်ရခါးသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ပန်းမုံလာ၊ မုံလာထုတ်၊ မုံညှင်းထုတ်၊ ပန်းငရုတ်ပွသီး နှင့် ငရုပ်သီးစိမ်း စသည်တို့ကို ဒေသတွင်းထွက်ရှိသည့် သီးနှံများကို ဒေသထွက် များရောင်းချပြီး ဒေသတွင်းမရှိသည့် သီးနှံများကိုလည်း  မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ ဝယ်ယူ ရောင်းချကြောင်းသိရပါသည်။

    ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော  ကန်ဇွန်းဥ ဈေးနှုန်းမှာ ကန်ဇွန်းဥ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၅၀၀) ကျပ်နှင့် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ်ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးသူများပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)