Main menu

ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ရာသီစာ ကြက်တက်ရွက်ပြုတ်

Powered by Drupal

    ကျွန်းလှမြို့ ၊ ပိတောက်မြိုင်ဈေးတွင် ကြက်တက်ရွက် ပြုတ်ရောင်းချလျက်ရှိပြီး ကြက်တက် ရွက်မှာ မိုးဦးကျစ ဧပြီလကုန်ပိုင်းတွင် စတင်ပေါက်ရောက် လေ့ရှိသော အရွက်တစ်မျိုး လည်းဖြစ်ပါသည်။ ကြက်တက်ရွက်များကို တောထဲ၌သွားခူးကြပြီး နာရီဝက် ခန့်ကြာ အောင်ပြုတ်၍ အလေးချိန်နှင့်ရော လက်တွင်းတစ်ဆုတ်စာ အလုံးလေးများလုံပြီး ဈေးထဲတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

   ကြက်တက်ရွက်ကို  ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ကျွန်းလှမြို့ ၊ ပိတောက်မြိုင်ဈေး တွင် ရောင်းချနေသော ကြက်တက်ရွက်ပြုတ်  ဈေးနှုန်းအနေဖြင့်  ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင် (၇၀၀၀)ကျပ်၊ ကြက်တက်ရွက်ပြုတ် (၅၀)ကျပ် သားလျှင်(၃၅၀၀)ကျပ် နှင့် ကြက်တက်ရွက်ပြုတ် (၁၀) ကျပ်သားလျှင်(၇၀၀)ကျပ်ပေါက်ဈေးရှိပြီး ကြက်တက်ရွက်ပြုတ် လက်တွင်းတစ်ဆုတ်စာ ရောင်းသော အဆုတ်တစ်လုံးလျှင်(၅၀၀)ကျပ်ဈေးဖြင့် ရောင်းချရကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)