Main menu

ကျွန်းလှမြို့နယ်အတွင်းရှိ ဂေါ်ဖီထုတ်(မုံလာထုတ်) ဈေးနှုန်း အခြေအနေ

Powered by Drupal

  သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည့် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ်ကို ကျွန်းလှမြို့နယ်အတွင်းထွက်ရှိသည့် ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက် ရှိသော ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် ဈေးနှုန်းမှာ ဂေါ်ဖီထုတ် (ခေါ်)မုံလာထုတ် အကြီး တစ်ထုတ်လျှင် (၃၀၀၀)ကျပ်၊ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် အသေးတစ်ထုတ်လျှင်(၂၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်းကုန်စိမ်းသီးနှံအစုံရောင်းချသူထံမှသိရပါသည်။

DOCA(စစ်ကိုင်း)