Main menu

ကယားပြည်နယ်၊ ပြည်နယ်စားသုံးသူရေးရာကော်မတီ (၂/ ၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Powered by Drupal

          ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်စားသုံးသူရေးရာကော်မတီ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၂၀၂၂ ခုနှစ်၊ မေလ (၂၈)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ အတွင်း ရေးမှူး၊ အဖွဲ့ဝင်များနှင့်  စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း(၁၅)ဦး တက်ရောက် ခဲ့ကြပါသည်။

          အဆိုပါ အစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး ဌာန၊ ဝန်ကြီး ဦးစိန်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ် စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးမြင့်အောင်က (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမှာစာ(၃)စောင်အား ရှင်းလင်းတင်ပြခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် လုပ်ငန်းညှိနှိုင်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ တိုင်ကြားမှုနှင့်စပ်လျဉ်း၍ CICC၊ www. doca. gov. mm နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာကြတဲ့ ကော်မတီအဖွဲ့ဝင်များက အမှာစာများအား အတည်ပြုမှတ်တမ်းတင်ပြီး အသီးသီးပြန်လည်ဆွေးနွေးခဲ့ပြီးနောက် အစည်းအဝေးကို (၁၅း၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)