Main menu

မြင်းခြံခရိုင်၏ဆောင်းကြက်သွန်နီဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

မြင်းခြံမြို့သည် မြန်မာနိူင်ငံအလယ်ပိုင်းတွင်တည်ရှိပြီး မိုးနည်းရေရှားရပ်ဝန်းဒေသဖြစ်သော်လည်းဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိ၍ ဆည်မြောင်းများအသင့်အတင့်ရှိပြီး၊   မိုးကောင်းသောက်ယာမြေများတွင် ရာသီအလိုက်သီးနှံများဖြစ်သော ပဲစဉ်းငုံ ၊ကုလားပဲ၊နှမ်း၊ မြေပဲ၊ အစေ့ထုတ် ပြောင်းနှင့်ကြက်သွန်နီသီးနှံများစိုက်ပျိုးကြပါသည်။ မြင်းခြံမြို့ခရိုင်တွင် ကြက်သွန်နီကို နှစ်ရာသီ စိုက်ပျိုးထားရှိပြီး ဆောင်းကြက်သွန်နီကိုအများဆုံးစိုက်ပျိုးကြသည်။ ယခုအချိန်တွင် မိုးကြက်သွန်နီ များရာသီကုန်၍ ဈေးကွက်မှထွက်ခွာချိန်တွင် ဆောင်းကြက်သွန်နီများ မတ်လဒုတိယပတ်အတွင်း စတင်ရိပ်သိမ်းကာ ဧပြီလပထမပတ်မှစ၍ဈေးကွက်အတွင်းလှိုင်လှိုင်ထွက်ပေါ်ခဲ့သည်။  ယခုဆောင်း ကြက်သွန်နီ(ခေါ်) နွေကြက်သွန်နီကြီးစ တစ်ပိဿာလျှင် (၁၄၀၀)ကျပ်မှ(၁၅၀၀)ကျပ်၊ အလတ်စ တစ်ပိဿာလျှင်(၁၂၀၀)ကျပ်မှ (၁၃၀၀)ကျပ်၊ အသေးစတစ်ပိဿာလျှင် (၁၀၀၀)ကျပ်မှ(၁၁၀၀)ကျပ် နှုန်းများဖြင့် ယခင်တစ်ပါတ်အတိုင်း ဈေးနှုန်းများပြောင်းလဲမှုမရှိဘဲ တည်ငြိမ်စွာဖြင့် ပုံမှန်အတိုင်း ရောင်းဝယ်လျှက် ရှိကြောင်း၊ စိုက်ပျိုးထွက်ရှိရာဒေသအတွင်းရှိ ကျေးရွားများမှ နေ့စဉ်ကုန်ချိန် ပိဿာ(၃၅၀၀၀)မှ (၄၀၀၀၀)ပိဿာကျော်ကို မြို့ပေါ်ရှိ ပွဲရုံများသို့လာရောက် ရောင်းချလေ့ရှိသည်။          ကြက်သွန်နီ အရွယ်အစား၊ အရည်အသွေး ပေါ်မူတည်၍ ဈေးနှုန်းများကွာခြားနားသည်။ အဓိကဈေးကွက်အနေဖြင့် ရန်ကုန်ဘုရင့်နောင်ရှိပွဲရုံ များသို့အများဆုံးတင်ပို့ပြီး၊ မန္တလေးမြို့၊ နေပြည်တော်၊ မော်လမြိုင်မြို့များသို့ အပါတ်စဉ်တင်ပို့လျှက်ရှိကြောင်း၊ ယခုတစ်ပါတ်တွင် ကုန်ချိန်ပိဿာ(၁၇၆၉၈၀)ပိဿာ၊ တန်ချိန်အားဖြင့် (၂၈၉)တန်တင်ပို့ခဲ့ပြီး၊ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင်ကြက်သွန်နီ ကုန်ချိန်ပိဿာ (၃၆၇၄၃)၊ တန်ချိန်(၆၀)တန်ပိုမိုတင်ပို့ခဲ့သည်။

DOCA(မန္တလေး)