Main menu

စားသုံးသူကာကွယ်ရေးလမ်းညွှန်ချက်များနှင့် စားသုံးသူများ၏ဘဝခရီး

Powered by Drupal

          ယခင်က စားသုံးသူအကာအကွယ်ပေးရေးကိစ္စများသည် မရှိသလောက်နည်းပါးခဲ့ပါသည်။ ၁၉၆၀ နောက်ပိုင်းနှစ်များတွင်မူ စားသုံးသူများအား အကာအကွယ်ပေးရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများသည် ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်တို့မှ စတင်မြစ်ဖျားခံလာခဲ့ပြီးနောက် ၁၉၆၂ ခုနှစ်၊ မတ်လ၊ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ညီလာခံတွင် အမေရိကန်သမ္မတ John F. Kennedy သည် သမိုင်းဝင်ကြေငြာချက်အဖြစ် ထည့်သွင်းပြောကြားခဲ့ပါသည်။ ထိုပြောကြားချက်အရ အားပေးထောက်ခံမှုများသည် အရှိန်အဟုန် မြင့်မားစွာ ပြန့်ပွားခဲ့ပေသည်။ ၁၉၇၀ နောက်ပိုင်းနှစ်များတွင် ကမ္ဘာ့ကုလသမ္မဂအဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးချုပ်ထံသို့ စီးပွားရေးနှင့်လူမှုရေးကောင်စီ၏ တောင်းဆိုချက် ကြောင့် စားသုံးသူအကာအကွယ်ပေးရေး ဆိုင်ရာလှုပ်ရှားမှုများသည် အပြည်ပြည်ဆိုင်ရာ အဆင့်သို့ စတင်ရောက်ရှိခဲ့ပါသည်။ ကမ္ဘာ့ ကုလသမ္မဂ၏ လမ်းညွှန်ချက်များကို ပထမဦးစွာ ၁၉၈၅ခုနှစ် ဧပြီလ ၁၆ရက်နေ့တွင် အထွေထွေညီလာခံမှ ဆုံးဖြတ်ချက်အမှတ် (၃၀/၂၄၈)ဖြင့် အတည်ပြုခဲ့ပါသည်။ နောက်ပိုင်းတွင် စီးပွားရေးနှင့်လူမှုရေးကောင်စီမှ ၁၉၉၉ခုနှစ် ဇူလိုင်လ ၂၆ရက်နေ့တွင် ဆုံးဖြတ်ချက် အမှတ် (၁၉၉၉/၇)ဖြင့် ထပ်မံတိုးချဲ့အတည်ပြုခဲ့သည်။ ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၂၂ရက်နေ့တွင် အထွေထွေညီလာခံမှ ဆုံးဖြတ်ချက်အမှတ် (၇၀/၁၈၆)ဖြင့် ဆုံးဖြတ်ချက်များကို ပြန်လည် ပြင်ဆင်ကာ လမ်းညွှန်ချက် (၈)ရပ်ဖြင့် အတည်ပြုခဲ့ပါသည်။

ထိုလမ်းညွှန်ချက် (၈)ရပ်သည် ကမ္ဘာ့နိုင်ငံအသီးသီးမှ စားသုံးသူများအတွက် မိမိနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ စားသုံးသူများ၏ ဓလေ့စရိုက်၊ သဘာဝပတ်ဝန်းကျင် နှင့် ဆက်စပ်ဆက်နွယ်မှုအလျောက် မိမိတို့နှင့် ကိုက်ညီမည့်ဥပဒေ၊ နည်းစနစ်များ၊ မူဝါဒ များချမှတ်နိုင်ရန် စံလမ်းညွှန်ချက်အဖြစ် လက်ခံကျင့်သုံး ကြပါသည်။ စားသုံးသူ ပြည်သူ များ၏ ဘဝခရီးတစ်လျှောက်  မလုံခြုံမှု ဘေးဥပဒ် အန္တရာယ်များ အခတ်အခဲများ ကြုံတွေ့ရ နိုင်ပါသည်။ ထိုဖြစ်စဉ်ဖြစ်ရပ်များကို ကျော်လွှားနိုင်ဖို့ နည်းစနစ်ကျသည့် အစီအမံများ လမ်းညွှန်ချက်များ လိုအပ်ပါသည်။ စာရေးဆရာ ဦးအောင်သင်းက ဟောပြောပွဲတစ်ခုမှ လူမပြောနဲ့ တိရိစ္ဆာန်တွေတောင် အသက်ရှင်ရပ်တည်နိုင်အောင် အစာရှာရသလို ဘေးအန္တရာယ်ကို ကာကွယ်ဖို့အတွက် ပညာသင်ကြားရကြောင်း(Animal Education) အကြောင်းကို ဟောပြောသွားတာ ကြားခဲ့ဖူးပါတယ်။ လူသားများဖြစ်တဲ့ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေး နောက်ခံသမိုင်းကြောင်းနှင့် လမ်းညွှန်ချက် များကို သိရှိထားသင့် ပေသည်။

 

              လမ်းညွှန်ချက်တစ်ခုအနေဖြင့် စားသုံးသူများ ကုန်စည်နှင့် ဝန်ဆောင်မှုကို ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရန်(The Right To Safety) ဖြစ်ပါသည်။

          စားသုံးသူများ ဘဝခရီးသွားမယ်ဆိုရင် ဘေးဥပဒ်အန္တရာယ် အကြောင်းသိထားရပါမယ်။ ဘေးဥပဒ်အန္တရာယ်ကို (၂)မျိုးခွဲခြားနိုင်ပါသည်။ ပထမတစ်ခုက သဘာဝကပေးတဲ့ ဘေးဥပဒ်အန္တရာယ်ပါ၊ ရေကြီးခြင်း၊ မိုးခေါင်းခြင်း၊ ငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းကျခြင်း ကပ်ဘေးရောဂါဆိုးကြီးတွေ ဆိုက်ရောက်ခြင်း စသည်ဖြင့် အများကြီး တွေ့ရှိရပါတယ်။ ဒီဖြစ်စဉ်တွေက စားသုံးသူများ၏ အသက်အိုးအိမ်စည်းစိမ်ကို တိုက်စားဝါးမြိုပြီး ဘေးဥပဒ်တွေ မမျှော်မှန်းနိုင်တဲ့ အန္တရာယ်ဆိုးကြီးတွေ ပေးခဲ့တာကို စားသုံးသူများအသိပင် ဖြစ်ပါသည်။ စားသုံးသူများဟာ မိမိတို့နေထိုင်အသက်ရှင်ဖို့ သဘာဝပတ်ဝန်းကျင်ကို အမှီသဟဲပြုပြီး သဘာဝပတ်ဝန်းကျင်ကပေးတဲ့ သီးပင်စားပင်နဲ့ တိရိစ္ဆာန်တွေကို စားသုံးခဲ့ကြပါသည်။ သစ်ပင်ဝါပင်တွေကို နေထိုင်ဖို့နှင့် လောင်စာအဖြစ် အသုံးပြုခဲ့ကြပါသည်။ ဥတုရာသီကိုမှီပြီး စိုက်ပျိုးမွေးမြူစားသုံးခဲ့ကြပါသည်။ လူတို့၏ လိုအပ်ချက်နှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်တွေဟာ သဟဇာတဖြစ်ခဲ့ကြပါသည်။

          သို့သော်လည်း များပြားလာသည့် စားသုံးသူဦးရေ၊ လိုအပ်ချက်တွေများလာတဲ့ စားသုံးသူများ၏ ဘဝဖြစ်စဉ်များ ပြောင်းလဲခဲ့ပါသည်။ စားသုံးသူများ၏ ဘဝကို တွန်းအား ပေးလာသည့် လောဘကြောင့် အမှားလမ်းစဉ်ကိုကြီးထွားလာစေခဲ့ပါသည်။ စားသုံးသူများ သည်  လိုအပ်တာထက် သဘာဝပတ်ဝန်းကျင်ကို စားသုံးရုံမက ဖြုန်းတီးပျက်စီးစေသည့် ပုံစံများ ဖြစ်ပေါ်ခဲ့ပါသည်။ သဘာဝ‌ဂေဟစနစ်တွေနှင့် ဇီဝဖြစ်စဉ်များ ကစဉ်ကလျားနဲ့ ယိုယွင်းချည့်နဲ့လာခဲ့ပါသည်။ စားသုံးသူတို့နှင့်ရင်းနှီးကျွမ်းဝင်အကျိုးပြုခဲ့တဲ့ သဘာဝပတ်ဝန်း ကျင်သည် ပျက်စီးပြုန်းတီးပြီး လူ့လောကကို ရန်ညိုးနဲ့ ဘေးဥပဒ်ဆိုးကျိုးများ ပေးလာခဲ့ ပါသည်။ ဒီဖြစ်စဉ်တွေကတော့ သဘာဝကပေးတဲ့ဘေးဥပဒ်ဆိုးကျိုးများအဖြစ် သိထားသင့် ပါသည်။ ထိုဖြစ်စဉ်ဖြစ်ရပ်များကို ဥပမာယူပြီး စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များတွင် စားသုံးသူအကျိုးစီးပွားနှင့် ယဉ်တွဲ၍ သဘာဝပတ်ဝန်းကျင်ကိုပါ ကာကွယ်ထိန်းသိမ်းရမည့် ဟု လမ်းညွှန်ချက်တွင် ထည့်သွင်းလမ်းညွှန်ခဲ့ခြင်းဖြစ်ပါသည်။ 

          ဘေးဥပဒ်အန္တရာယ်နောက်တစ်မျိုးကတော့ စားသုံးသူများ၏ အသိပညာဗဟုသုတ အားနည်းမှု၊ စီးပွားရေးလုပ်ငန်းများ၏ မိမိအကျိုးစီးပွားကို ဦးတည်သည့် လွဲမှားသော စီးပွားရေးအလေ့အထများကြောင့် ဖြစ်ပေါ်လာသော ဘေးဥပဒ်အန္တရာယ်နှင့် နစ်နာမှုများ ဖြစ်ပါသည်။  “ရေစီးသန်ရင်ကမ်းပြိုတယ်” ဟူသော ဆိုရိုးစကားအတိုင်း စားသုံးသူတို့ရဲ့ ဓလေ့စရိုက် ပြောင်းလဲလာမှု အစားအသောက်၊ အသုံးအဆောင်များ၊ ဝန်ဆောင်မှုများသည် ခေတ်စနစ်အရ အရှိန်အဟုန်ဖြင့် အံ့မခန်းတိုးတက်ပြောင်းလဲလာပါသည်။ တိုးတက်မှုရေစီး ကြောင်းသည် စားသုံးသူများ၏ ဓလေ့စရိုက်ကိုပါ ပြောင်းလဲပြီးလိုက်ပါ စီးမြောစေခဲ့ပါသည်။ တိုးတက်မှုတိုင်းမှာ ဘေးထွက်ဆိုးကျိုးရှိတတ်ပါသည်။ တိုးတက်မှုနှင့် လိုက်ပါလာတဲ့ ဘေးထွက်ဆိုးကျိုးများကို စားသုံသူများသိမြင်ဖို့ စားသုံးသူရေးရာ ဗဟုသုတ လိုအပ်ပါသည်။ ကုန်စည်နှင့် ဝန်ဆောင်မှုများဟာ စားသုံးသူတို့အတွက် လုံခြုံမှုတွေနည်းပါး လာပါသည်။ ဥပမာ- ဆက်သွယ်ရေးနှင့်ပတ်သက်လို့ လက်ကိုင်ဖုန်းတွေပေါ်လာသည်။ ကမ္ဘာကြီးဟာ ရွာကြီး တစ်ရွာကဲ့သို့ ဆက်သွယ်ရချိတ်ဆက်ရလွယ်ကူလာပါသည်။ တစ်နေရာနှင့် တစ်နေရာ မိုင်ရာချီဝေးပေမယ့် မျက်နှာချင်းဆိုင်စကားပြောလို့ရလာပါသည်။ ခေတ်မှီတဲ့တိုးတက်မှု ဖြစ်လာသည်။ တိုးတက်မှုနောက်ကွယ်မှာ ဘေးထွက်ဆိုးကျိုးက ကပ်ပါလာတာပဲ အဲ့ဒီ ဆိုးကျိုးကတော့ သိလျက်နဲ့ဆေးမရှိတဲ့ရောဂါမျိုးနဲ့ ဝင်ငွေရော စိတ်ဓာတ်ပိုင်းဆိုင်ရာ မလုံခြုံမှုနှင့်ကြုံတွေ့နေရသည့် စားသုံးသူများ၏ ဒုက္ခပင်ဖြစ်ပေသည်။

ဖုန်းကိုင်ပြီး တစ်နေကုန် ကလေး၊ လူကြီးအရွယ်စုံပဲ ဖုန်းနဲ့ပျော်မွေ့နေကြသည်။ ဘေးထွက်ဆိုးကျိုးကတော့-

အဆော့လွန်ပြီး မပုဒ်သိုးတဲ့ ခန္တာကိုယ် နှင့်မိဘကို နှစ်ရှည်လများ ဒုက္ခပေးတဲ့ ဉာဏ်ရည်မမှီတဲ့ ကြောင်တောင်တောင် သားသမီးတွေ ဘယ်နှစ်ယောက်ရှိမလဲ”

“အချိန်နှင့်တိုးတက်မှု အညွှန့်အဖူးကို စားသုံးပြီး အမြင့်တက်မည့် ဘဝလှေကား နောက်ပြန် ဆင်းသူတွေ ဘယ်လောက်များလေမလဲ”

 “စိတ်ဆွဲလန်းမှုကြောင့် အသက်ပါပေး လိုက်ရတဲ့ နိုင်ငံရဲ့ရတနာ Game player တွေ ဘယ်လောက်များပြီလဲ”

 တိုးတက်မှုတိုင်းမှာ ဘေးထွက်ဆိုးကျိုးရှိတယ်ဆိုတာ စားသုံသူများ ခံစားသိမြင်ပြီး ထိုဖြစ်စဉ်ဖြစ်ရပ်များသည် ဘေးဥပဒ်အန္တရာယ်နှင့် တိုးတက်မှုများမှ ဖြစ်ပေါ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးများဖြစ်ကြောင်း စားသုံးသူများသိထားသင့်ပေသည်။

          စားသုံးသူတို့၏ နိစ္စဓူဝ တွေ့ကြုံနေရတဲ့ဘေးဥပဒ်အန္တရာယ်တွေကို ဘယ်လိုအကာ အကွယ်ပေးကြမှာလဲ၊ ဘယ်လိုမူဝါဒတွေချမှတ်ထားသည်ကို လေ့လာသုံးသပ်သင့်ပေသည်။ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ မလုံခြုံမှုနှင့် ဘေးဥပဒ်အန္တရာယ်တွေကို ဖြေရှင်းကိုင်တွယ် တည့်မတ်ပေးဖို့ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၄ ခုနှစ်၊ မတ်လ၊ ၁၄ရက်နေ့နှင့် ၂၀၁၉ ခုနှစ် မတ်လ၊ ၁၅ရက်နေ့မှာ ဥပဒေနှင့် စားသုံးသူကိုအကာအကွယ်ပေးဖို့ပြဌာန်းခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော်မည့် အဖွဲ့အစည်းများဖြစ်သည်နှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဖို့ စားသုံးသူရေးရာဦးစီးဌာနကို ၂၀၁၅ခုနှစ် ဧပြီလမှာ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာနကို  ၂၀၁၆ခုနှစ် ဧပြီလမှာ စားသုံးသူရေးရာဦးစီးဌာန အဖြစ်လည်းကောင်း ဖွဲ့စည်းပြီးလုပ်ငန်းများဆောင် ရွက်ခဲ့ပါသည်။

စားသုံးသူကာကွယ်ရေးဥပဒေကိုအကောင်အထည်ဖော်မည့်အဖွဲ့အစည်းများဖြစ်သည့်         

- မြန်မာနိုင်ငံ စားသုံးသူရေးရာ ကော်မရှင်

- တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စု နယ်မြေ စားသုံးသူရေးရာကော်မတီများ

- စားသုံးသူရေးရာဦးစီးဌာန၊

- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စားသုံးသူရေးရာကော်မတီများ

- တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ     ဦးစီးမှူးရုံးများ၊

- ခရိုင် စားသုံးသူရေး   ရာ‌ကော်မတီများ     

- စစ်ဆေးရေးအဖွဲ့နှင့် စစ်ဆေးရေးအရာရှိများ

စသည်တို့သည် အခြေခံဈေးကွက်မှ စတင်၍ ကြီးမားကျယ်ပြန့် သည့် စားသုံးသူတို့၏ နိစ္စဓူဝ ဖြစ်စဉ်ဖြစ်ရပ်များကို စနစ်တကျနှင့် ဥပဒေများ၊ နည်းဥပဒေများရေးဆွဲပြီးဖြစ်သည့် စံလုပ်ငန်းလမ်းညွှန်ချက်များနှင့် စစ်ဆေးရေးအရာရှိမှ အဆင့်ဆင့်ကော်မရှင်အထိအပြန် အလှန်ပေါင်းစပ်ညှိနှိုင်းပြီး စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား အားနည်းမှု ထိခိုက်ပွတ်တိုက်မှုများကို လမ်းညွှန်ချက်များအတိုင်း စားသုံးသူများ အကျိုးစီးပွားအတွက် ဥပဒေ၊ မူဝါဒနှင့် နည်းစနစ်များချမှတ်၍ ဆောင်ရွက်နေသည့် စားသုံးသူအကာအကွယ် ပေးရေး ဆောင်ရွက်မှုများဖြစ်သည်ကို သိရှိလေ့လာထားသင့်ပါသည်။

          ပြည်သူလူထုများ စားသုံးသူရေးရာအသိပညာနှင့် ဗဟုသုတ ပြည်စုံကြွယ်ဝမှုဆန်း စစ်ချက်စစ်တမ်းများကောက်ယူခြင်း လုပ်ငန်းနည်ပယ်အလိုက် စားသုံးသူအကျိုး စီးပွားကို ထိရောက်စွာကာကွယ်ပေးနိုင်ရန် စစ်ဆေးရေးအရာရှိများ ခန့်အပ်ခြင်းကို ဆောင်ရွက်ခဲ့ သည်။ တိုင်းဒေသကြီး/ပြည်နယ်များ၌ စစ်ဆေးရေးအရာရှိ (၃၆၅)ဦး တာဝန်ပေးအပ်ခဲ့ပြီး ၂၀၁၉ခုနှစ်တွင် စစ်ဆေးရေးအရာရှိ (၁၅၄)ဦး၊ ၂၀၂၁ခုနှစ်တွင် (၄၉)ဦးနှင့် ၂၀၂၂ခုနှစ်တွင် လည်း လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၂)ကြိမ် ကျင်းပခဲ့ပါသည်။ စားသုံးသူ များသည် ကုန်စည်နှင့်ဝန်ဆောင်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု၊ ဂုဏ်သိက္ခာပိုင်းဆိုင်ရာထိခိုက်နစ်နာမှုများမှ အကာအကွယ်ပေးပြီး အရည်

အသွေးအဆင့်အတန်းမြင့်မားသော ကုန်ထုတ်စွမ်းအားစုများ  ထွန်းကားစေရန်နှင့် ပြည့်စုံ ကောင်းမွန်သော စဉ်ဆက်မပြတ် စားသုံးမှုစနစ် ထွန်းကားစေရန် ရည်ရွယ်လျက် လုပ်ငန်း များဆောင်ရွက်နေပါသည်။ ထိုရည်ရွယ်ချက်၊ ဥပဒေနှင့် လမ်းညွှန်ချက်များသည် စားသုံးသူ များကို အကာအကွယ်ပေးရန် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု နည်းစနစ် များဖြစ်ကြောင်း သိထားသင့်ပေသည်။

          လူသားတို့သည့် အသက်ရှင်ရပ်တည်မှုအတွက် ရှာဖွေစားသောက်ရသလို ကျရောက် လာမည့် မလုံခြုံမှု ဘေးဥပဒ်အန္တရာယ်များကိုလည်း ကာကွယ်ရမည်မှာ စားသုံးသူတို့၏ တာဝန်ဖြစ်သည်။ မလုံခြုံမှုဖြစ်စေတတ်သော ဖြစ်စဉ်ဖြစ်ရပ်များ ဘေးဥပဒ်အန္တရာယ်များနှင့် ထိုအကြောင်းအချင်းအရာများကို စနစ်တကျ ကာကွယ်ကျော်လွှာနိုင်ဖို့ လိုအပ်ပါသည်။ ချိတ်ဆက်ရမည့် အဖွဲ့အစည်းများ၊ လိုက်နာရမည့်လမ်းညွှန်ချက်များကို စားသုံးသူများ အသိ ပညာဗဟုသုတရစေရန်နှင့် လိုက်နာ ကျင့်သုံးတတ်သော စားသုံးသူရေးရာ အလေ့အကျင့် ကောင်းများ တိုးတက်ထွန်းကာစေရန် ရည်ရွယ်လျက် ဘဝခရီးကို လမ်းညွှန်ချက်များနှင့် လျှောက်လမ်းဖို့ စားသုံးသူကာကွယ်ရေး ဗဟုသုတဖြည့်ဆည်းမှု ခရီးတစ်ထောက်နားမည်ဖြစ်ပါသည်။ 

ကိုးကားချက်။           (၂/၂၀၂၂) လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ

                              United Nation Guide Line

DOCA(ရှမ်း)