Main menu

မြင်းခြံမြို့၏ကြက်ဥ၊ ဘဲဥ ဈေးနှုန်းဈေးကွက်

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်တွင် ကြက်မွေးမြူရေးခြံများရှိသော်လည်း စားသုံးမှု့မြင့်မားသည့်အတွက် ဈေးကွက်လိုအပ်ချက်အရ လိုအပ်သောကြက်ဥ၊ ဘဲဥများကို တောင်ကြီး၊ ပြင်ဦးလွင်နှင့် မန္တလေးမြို့များမှ မှာယူရောင်းချကြောင်း သိရသည်။ မြင်းခြံမြို့ပေါ်ရှိ ကြက်ဥအရောင်းတစ်ဆိုင်သို့ မေးမြန်းကြည့်ရာတွင် ယခင်က ပြင်ဦးလွင်မှ မှာယူရောင်းချပါကြောင်း၊ ယခုအခါမန္တလေးမှ မှာယူရောင်းချလျက်ရှိရာ တစ်ရက်ကို လက်လီ/လက်ကားအလုံးရေ(၄၅၀၀) ရောင်းချရကြောင်းနှင့် ကြက်ဥတစ်ပိဿာလျှင် ငွေကျပ်(၁၂၃၀၀)ကျပ်/(၁၂၅၀၀)ကျပ်ရောင်းချပြီး ကြက်ဥတစ်လုံးလျှင်(၄၅၀)ကျပ်မှ (၅၀၀)ကျပ်၊ ဘဲဥတစ်လုံးလျှင်(၆၅၀/၇၀၀)ကျပ်ဈေးရောင်းချရပြီး  ဟင်းလျာအတွက်ဆိုလျှင် ကြက်ဥပြုတ်၊ ကြက်ဥကြော်၊ ကြက်ဥကြော်ချက်၊ ကြက်ဥပေါင်းချက်နှင့် ကြက်ဥမွှေချက် စသဖြင့်လွယ်ကူစွာချက်ပြုတ်စားသောက်နိုင်သောကြောင့် အိမ်ရှင်မများအတွက် လွယ်ကူရိုးရှင်းသော ဟင်းလျာတစ်ခုအဖြစ် ကြက်ဥ၊ ဘဲဥကို မကြာမကြာချက်၍ စားသုံးဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)