Main menu

“ကျောက်ဆည်မြို့နယ် နွေစပါးများအောင်မြင်ဖြစ်ထွန်း

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သော ကြောင့် မိုးစပါး၊နွေစပါးနှင့်ပဲမျိုးစုံ သီးနှံများအား စိုက်ပျိုးလျှက်ရှိရာ ယခုအချိန်တွင် ပဲမျိုးစုံသီးနှံများ ရိတ်သိမ်းပြီးစီးပြီဖြစ်၍ နွေစပါးများစိုက်ပျိုးလျှက်ရှိပါသည်။ မတ်လကုန် ဧပြီလဆန်း မှ စတင်၍ နွေစပါးများ စတင်စိုက်ပျိုးလျက်ရှိရာ ကျောက်ဆည်မြို့နယ်အတွင်းတွင် နွေစပါး စိုက်ဧက (၃၉၅၀)ဧက စိုက်ပျိုးထားကြောင်း ၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည် ။ နွေစပါးသည် မိုးစပါးထက် သက်တမ်းပိုရှည်ကြောင်း ၊ နွေစပါးစိုက်ပျိုးမှုအနေဖြင့် ပတ်ကြဲစိုက်ပျိုးမှုများရှိသလိုပျိုးနှုတ်၍စိုက်ပျိုးကြသူများလည်းရှိကြောင်း၊ အများဆုံး စိုက်ပျိုးသော မျိုးများမှာ ဧရာပဒေသာမျိုး နှင့် မနောသုခမျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင် ၊ နွေစပါး စိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း ၊ ယခုနှစ်တွင် ဆည်ရေလုံလောက်စွာရရှိပြီး မိုးရွာသွန်းမှု ကောင်းသောကြောင့် မိုးစပါးများကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်းလျှက်ရှိပါသည် ။ ခုလက်ရှိ ဈေးနှုန်းအနေဖြင့် ဧရာပဒေသာတစ်တင်းလျှင်(၂၈၀၀၀)ကျပ်၊နောသုခတစ်တင်းလျှင်(၂၂၀၀၀)ကျပ် ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း ၊ ဈေးကွက်အနေဖြင့် ပွဲစားများမှ စပါးစိုက်ပျိုးသည့် ကျေးရွာများသို့ တိုက်ရိုက်လာရောက်ဝယ်ယူကြကြောင်း၊ စပါးကြိတ်ခွဲရေးစပါးစက်များမှလည်း လာရောက်ဝယ်ယူ ကြကြောင်း၊ နွေစပါးထွက်ပေါ်ချိန်တွင် ဈေးနှုန်းများကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ဖြစ်ထွန်းနိုင်ကြောင်း နွေစပါးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။

DOCA(မန္တလေး)