Main menu

“အိမ်ဆောက်ပစ္စည်းများအထူးလျော့ဈေးဖြင့်ရောင်းချ”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူ များအား အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ သံချောင်း၊ အထပ်သားများအား အထူး လျော့ဈေးဖြင့်ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။ ထိုသို့ရောင်းချရာတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာမိတ်ဖက်ဌာနများပါဝင်သော ခရိုင်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှကြီးကြပ်ကွပ်ကဲ၍ ရှမ်းရိုးမ ဘိလပ်မြေတစ်အိတ်လျင်(၂၁၅၀၀)ကျပ် ၊ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျင်(၁၈၇၀၀)ကျပ် ၊ 4Ms 10MM (3.9)kg သံချောင်းတစ်တန်လျင် (၁၈၇၄၀၀၀)ကျပ်၊ 4Ms 16MM(11.5Kg)သံချောင်းတစ်တန်လျင်(၂၀၂၄၀၀၀)ကျပ် ၊ 7MM (grade-B) အထပ်သားတစ်ချပ်လျင် (၃၄၅၀၀)ကျပ် တို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည် ။ ငလျင်ဘေးဒဏ်သင့်၍ အဆောက်အဦးပြိုကျ ပျက်စီးသွားသော အိမ်ထောင်စု တစ်စုအတွက် အများဆုံး ဘိလပ်မြေအိတ် (၁၀၀)၊ 16MMသံချောင်း တစ်တန်၊ 10MM သံချောင်း (၀.၅)တန်၊ အထပ်သား(၁၀)ချပ်နှုန်းဖြင့် ခွဲဝေရောင်းချပေးလျက်ရှိကြောင်း ၊ ၂၀၂၅ခုနှစ် ၊ မေလ ၄ ရက်နေ့မှ စတင်၍ နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်းသိရှိရပြီး ဆက်လက်၍ ရောင်းချပေးသွားမည်ဖြစ် ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)