
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း၊ကလောမှ ပန်းဂေါ်ဖီအစိမ်းများ ကျောက်ဆည်ခရိုင် အတွင်းသို့ရောက်ရှိပြီး စားသုံးသူပြည်သူများကြိုက်နှစ်သက်၍ အရောင်းအဝယ်ဖြစ်လျှက်ရှိရာ အစိမ်းရင့်ရင့် ပန်းဂေါ်ဖီစိမ်းသည် အာဟာရဓါတ်ကြွယ်ဝပြီး အစာချေဖျက်ခြင်း၊ နှလုံးသွေးကြောများ စနစ်၊ ကိုယ်ခံအားစနစ် ၊ ကင်ဆာကာကွယ်နိုင်တဲ့ ဓါတ်သတ္တိတို့ များပြားပါဝင်ပါသည်။ ဆိုဒီယမ်နှင့် ကယ်လိုဒီပါဝင်မှု နည်းပါးပြီး အဆီလုံးဝမပါဝင်တဲ့ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သောကြောင့် ရောင်းအားကောင်းလျှက်ရှိရာ ကုန်စိမ်းသည်များမှ ရှမ်းပြည်နယ်ထွက်ဂေါ်ဖီစိမ်းများအားမှာယူ ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။ ကျောက်ဆည်မြို့နယ်တွင် ပန်းဂေါ်ဖီပွင့်စိမ်းတစ်ပွင့်လျှင် လက်ကားဈေးအနေဖြင့် (၅၀၀-၆၀၀)ကျပ် နှင့် လက်လီဈေးမှာ(၈၀၀-၁၀၀၀)ကျပ် ဈေးတို့ဖြင့် အရောင်းအဝယ်လျှက်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)