
မြင်းခြံခရိုင်၏ ၂၀၂၄-၂၀၂၅ ခုနှစ် ကြက်သွန်ဖြူစားဖိုဆောင်သီးနှံကို ခရိုင်ချုပ်အ နေဖြင့် စိုက်ဧက(၃၂၀)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧကအားလုံးရိတ်သိမ်းနိုင်ခဲ့၍ တစ်ဧက လျှင်ပျမ်းမျှအထွက်နှုန်း(၁၃၃၀.၀၅)ပိဿာဖြင့် အထွက်ပေါင်း(၄၂၅၆၁၆)ပိဿာ ထွက်ရှိ ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီး မြို့နယ်တွင် စိုက်ပျိုးမှုမရှိကြောင်း၊ တောင်သာမြို့နယ် စိုက်ပျိုးဧက (၃၂၀) ဧကအားလုံး ရိတ်သိမ်းပြီး အထွက်နှုန်း(၁၃၃၀.၀၅)ပိဿာ၊ အထွက်ပေါင်း(၄၂၅၆၁၆) ထွက်ရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် မေလဒုတိယပတ်တွင် ကြက်သွန်ဖြူ ဈေးနှုန်းမှာ တစ်ပိ ဿာလျှင် (၆၅၀၀/၇၀၀၀) ကျပ် ဈေးများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)