Main menu

ပဲစဉ်ငုံဈေးနှုန်းဈေးကွက်

Powered by Drupal

          မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည် နှင့်အညီ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်ဟူ၍ နှစ်မျိုးရှိကြောင်း သိရှိရပါသည်။ ၂၀၂၄-၂၀၂၅ ခုနှစ် ပဲစဉ်းငုံသီးနှံကို ခရိုင်ချုပ်အနေဖြင့် စိုက်ဧက (၁၀၄၀၈၅)ဧက၊ ရိတ်သိမ်းဧက (၁၀၄၀၈၅)ဧက၊ အထွက် နှုန်း(၈.၈၀) တင်း၊ အထွက်တင်းပေါင်း(၉၁၅၅၂၂)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ မြင်းခြံမြို့နယ်တွင် စိုက်ဧက(၅၈၉၃)ဧက၊ ရိတ်သိမ်းဧက (၅၈၉၃)ဧက၊အထွက်နှုန်း(၉.၆၀)တင်း၊ အထွက်တင်းပေါင်း(၅၆၅၇၃ )တင်း၊ တောင်သာမြို့ နယ်တွင် စိုက်ဧက (၁၈၉၃၁)ဧက၊ ရိတ်သိမ်းဧက(၁၈၉၃၁)ဧက၊အထွက်နှုန်း(၁၀.၅၀)တင်း၊ အထွက်တင်းပေါင်း(၂၀၀၂၉၀)တင်းနှင့်နွားထိုးကြီးမြို့နယ်တွင် စိုက်ဧက(၇၉၂၆၁)ဧက၊ ရိတ်သိမ်းဧက(၇၉၂၆၁)ဧက၊ အထွက်နှုန်း(၈.၃၁)တင်း၊ အထွက်တင်းပေါင်း(၆၅၈၆၅၉) တင်း ထွက်ရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် မေလဒုတိယပတ်တွင် ပဲစဉ်းငုံနီ ဈေးနှုန်း မှာ တစ်ပိဿာလျှင်(၄၅၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။ နေ့စဉ်ပျှမ်းမျှအိတ်ရေ (၃၇၅/ ၄၀၀)အိတ်ဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရသည်။

DOCAမန္တလေး)