Main menu

အစေ့ထုတ်ပြောင်း ဈေးနှုန်းဈေးကွက်

Powered by Drupal

           မြင်းခြံခရိုင်၏  ၂၀၂၄-၂၀၂၅ ခုနှစ် အစေ့ထုတ်ပြောင်းသီးနှံကို ခရိုင်ချုပ်အနေဖြင့် စိုက်ဧက (၁၀၇၀၄)ဧက၊ ရိတ်သိမ်းဧက (၁၀၇၀၄)ဧက၊ အထွက်နှုန်း(၂၁၇.၈၇) တင်း၊ အထွက်တင်းပေါင်း(၇၆၂၁၀၅)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ မြင်းခြံမြို့နယ်တွင် စိုက်ဧက(၉၄၀၀)ဧက၊ ရိတ်သိမ်းဧက (၉၄၀၀)ဧက၊ အထွက် နှုန်း( ၇၀.၉၀) တင်း၊ အထွက်တင်းပေါင်း(၆၆၆၄၆၀)တင်း၊တောင်သာမြို့နယ်တွင် စိုက်ဧက (၇၀၂)ဧက၊ ရိတ်သိမ်းဧက(၇၀၂)ဧက၊အထွက်နှုန်း(၇၁.၆၉)တင်း၊ အထွက်တင်းပေါင်း (၅၀၃၂၆)တင်းနှင့် နွားထိုးကြီးမြို့နယ်တွင် စိုက်ဧက(၆၀၂)ဧက၊ရိတ်သိမ်းဧက(၆၀၂)ဧက ၊ အထွက်နှုန်း (၇၅.၂၈) တင်း၊ အထွက်တင်းပေါင်း( ၄၅၃၁၉)တင်း ထွက်ရှိကြောင်း သိရှိရပါ သည်။ ဈေးနှုန်းအနေဖြင့် မေလဒုတိယပတ်တွင် အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ တစ်ပိဿာ လျှင် (၁၅၅၀) ကျပ်ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)