Main menu

၂၀၂၅ ခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် ဗီယက်နမ်မှ တရုတ်သို့ ခရုတင်ပို့မှုမြင့်တက်

Powered by Drupal

   ၂၀၂၅ ခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် ဗီယက်နမ်သည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၃ သန်း တန်ဖိုးရှိသော ခရုများကို ပြည်ပသို့တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၁၀၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်ပင်လယ်စာတင်ပို့သူ များနှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏ အဆိုအရ သိရပါသည်။ တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၂၃ သန်းဖြင့် အများဆုံး တင်သွင်းသူဖြစ်ကြောင်း သိရပါသည်။ ထိုအခွင့်အရေးကို အပြည့်အဝအသုံးချနိုင်ရန် အတွက် VASEP သည် ထုတ်ကုန်အရည်အသွေး၊ တင်ပို့မည့်ခရုများအားထိန်းသိမ်းထားရှိခြင်းနှင့် မြင်သာသောစနစ်များနှင့်နှင့်ပတ်သတ်၍ တိုးတက်ရန်အဓိကထားသင့်ကြောင်း ဗီယက်နမ် လုပ်ငန်းများအား အကြံပြုခဲ့ပါသည်။ ထို့ပြင် စံနှုန်းမြင့်မွေးမြူခြင်းနှင့် ကွာရန်တင်းလုပ်ငန်းစဉ်များမှာလည်း တရုတ်၏တင်းကျပ်သောသွင်းကုန်လိုအပ်ချက်များနှင့် ပြည့်မီရန် အလွန်အရေးပါ ကြောင်း သိရပါသည်။ ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ အဆိုအရ ဗီယက်နမ်သည် လတ်တလောတွင် ခရုမွေးမြူသည့်နေရာ ၄၁၅၀၀ ဟတ်တာရှိပြီး နှစ်စဉ်ခန့်မှန်းတန်ချိန် ၂၆၅၀၀၀ တန်ထုတ်လုပ်နိုင်ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)