
မြင်းခြံခရိုင်၏ ၂၀၂၄-၂၀၂၅ ခုနှစ် မတ်ပဲသီးနှံကို ခရိုင်ချုပ်အနေဖြင့် စိုက်ဧက (၆၃၀)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧကအားလုံးရိတ်သိမ်းနိုင်ခဲ့၍ တစ်ဧကလျှင်ပျမ်းမျှ အထွက် နှုန်း(၈.၅၀)တင်းဖြင့် အထွက်တင်း ပေါင်း(၅၃၅၅)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ မတ်ပဲစိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင်သာစိုက်ပျိုးမှုရှိပြီး ကျန်မြို့နယ်များဖြစ်သည့် တောင်သာမြို့နယ်နှင့်နွားထိုး ကြီးမြို့နယ်များမှာ စိုက်ပျိုးမှု မရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် မေလဒုတိယပတ်တွင် မတ်ပဲဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၃၀၀-၄၅၀၀) ကျပ်များရှိကြောင်းသိရှိရသည်။
DOCA(မန္တလေး)