
ဗီယက်နမ်မော်တော်ကားထုတ်လုပ်သူများအသင်း(VAMA) က၎င်း၏အဖွဲ့ဝင်များသည် ဧပြီလတွင် အစီးရေ ၂၉၅၈၅ စီး ရောင်းချခဲ့ရပြီး မတ်လထက် ၇ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ၂၀၂၄ ဧပြီလကထက် ၂၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း မေလ ၁၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ Passenger vehicle ရောင်းချရမှုမှာ အစီးရေ ၂၀၇၆၆ စီး၊ Commercial vehicle ရောင်းချရမှုမှာ အစီးရေ ၈၆၁၉ စီးနှင့် special-purpose vehicle ရောင်းချရမှုမှာ အစီးရေ ၂၀၀ စီးရှိကြောင်း သိရပါသည်။ ပြည်တွင်း၌တပ်ဆင်သည့် မော်တော်ကားရောင်းချရမှု မှာ အစီးရေ ၁၃၈၉၀ စီးရှိပြီး အပြည့်အဝတပ်ဆင်ထားသော ပြည်ပမှတင်သွင်းလာသည့် မော်တော်ကား ရောင်းချရမှုမှာ အစီးရေ ၁၅၆၉၅ စီးရှိကြောင်း သိရပါသည်။ ဧပြီလတွင် တိုယိုတာသည် အစီးရေ ၅၅၆၆ စီးဖြင့် အများဆုံးရောင်းချခဲ့ရပြီး ၎င်းနောက်တွင် Ford က အစီးရေ ၃၉၉၇ စီး၊ Mitsubishi က အစီးရေ ၂၀၃၈ စီး၊ THACO Mazda က အစီးရေ ၂၇၃၆ စီး၊ THACO Kia က အစီးရေ ၂၀၅၅ စီးတို့ ရပ်တည်နေကြောင်း သိရပါသည်။ အရောင်းရဆုံး မော်ဒယ်များမှာ Mitsubishi Xpander (၄၀၃၁ စီး)၊ Ford Everest (၁၀၉၀ စီး) နှင့် Toyota Yaris Cross (၁၀၃၀ စီး) တို့ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၄ လတာကာလ တွင် စုစုပေါင်းကားရောင်းချရမှုမှာ အစီးရေ ၁၀၁၈၃၄ စီးရှိပြီး ၂၀၂၄ ခုနှစ် တူညီသည်ကာလ ထက် ၂၃ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရပါ သည်။ Passenger vehicle ရောင်းချရမှုမှာ ၂၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး commercial vehicle ရောင်းချရမှုမှာ ၂၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ special-purpose vehicle ရောင်းချရမှုမှာ ၄၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တင်သွင်းလာသည့်မော်တော်ကားရောင်းချရမှုမှာ ၃၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ပြည်တွင်း၌ တပ်ဆင်သည့် မော်တော်ကားရောင်းချရမှုမှာ ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ လုပ်ငန်းနယ်ပယ်မှကျွမ်းကျင်သူများက မြင့်တက်လာသည့် စားသုံးသူဝယ်လိုအားနှင့် ကားထုတ်လုပ်သူများထံမှပံ့ပိုးပေးသည့်မူဝါဒများနှင့်အတူ ပြည်တွင်းကားဈေးကွက်သည် ယခုနှစ်၏ ဒုတိယနှင့် တတိယ ၃ လပတ်ကာလတွင်လည်း ဆက်လက် မြင့်တက်ရန် ခန့်မှန်းလျှက်ရှိကြောင်း သိရပါသည်။
DOCA (ရန်ကုန်)