Main menu

ဓနုဖြူမြို့နယ်တွင် တပိုင်တနိုင်စိုက်ပျိုးသော ချဉ်ပေါင်

Powered by Drupal

     မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ရွှေကညင်ပင်ကျေးရွာ၊ လက်ဆွဲချောင်း ကျေးရွာအုပ်စုတွင် ချဉ်ပေါင်ပင်ကို တပိုင် တနိုင်စိုက်ပျိုးနေကြောင်းသိရသည်။ တပိုင်တနိုင်ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုသည် စိုက်ပျိုးသူမိသားစု အပိုဝင်ငွေ ရသော စိုက်ပျိုးရေး လုပ်ငန်းတစ်ခုဖြစ်သောကြောင့် စိုက်ပျိုးသူများပြားကြောင့် သိရသည်။

     စိုက်ပျိုးမှုအနေဖြင့် ဒေသတွင် စိုက်ပျိုးရေးဆိုင်များမှ ဝယ်ယူရရှိပြီး ချဉ်ပေါင်စေ့မျိုး နို့ဆီဗူး ၁ဗူးလျှင် ၁၀၀၀ကျပ်နှုန်းဝယ်ယူစိုက်ပျိုးပြီး စိုက်ဧက ၀.၁၀ ဧကတွင် ချဉ်ပေါင်မျိုးစေ့ နို့ဆီဗူး(၅)ဗူး စိုက်ပျိုးသည်။ တပေါင်းလတွင် စတင်စိုက်ပျိုးပြီး ဝါခေါင်လအထိ ၅လကြာချိန်ရှိပြီး ထွက်ရှိကြောင်း သိရသည်။ စိုက်ပျိုးချိန် ရက်၂၀အကြာတွင် စတင်ခူးဆွပ်၍ ရောင်းတန်းဝင်ကြောင်း သိရသည်။ ထွက်ရှိမှု အနေဖြင့် စိုက်ဧကတွင် ချဉ်ပေါင် အစီးရေ ၃၀၀ခန့်ထွက်ရှိကြောင်း သိရသည်။ စိုက်ဧကအပေါ် ကုန်ကျစရိတ် ၄၀၀၀၀ခန့်သာကုန်ကျပြီး ကုန်ကျစရိတ်သက်သာ၍ တစ်နှစ်လျှင် နှစ်ကြိမ်စိုက်ပျိုးသည်။

     ဈေးနှုန်းအနေဖြင့် ချဉ်ပေါင် ၁စီးကို ၂၅၀ကျပ်ဖြင့် ရောင်းချရသောကြောင့် ငွေကျပ် ၇၅၀၀၀/-ရရှိပြီး ငွေကျပ် ၃၅၀၀၀/- အကျိုးအမြတ်ကျန်ရှိကြောင်း စိုက်ပျိုးသူထံမှသိရသည်။

DOCA(ဧရာဝတီ)