Main menu

ဧပြီလတွင် လျှပ်စစ်ကားအစီး‌ရေ ၁၀၀၀၀ နီးပါး ရောင်းချခဲ့သည့် VinFast

Powered by Drupal

       ဗီယက်နမ်ထိပ်တန်းကားထုတ်လုပ်သူဖြစ်သည့် VinFast သည် ဧပြီလတွင် ဗီယက်နမ်၌ လျှပ်စစ်ကားအစီးရေ ၉၅၅၈ စီး ရောင်းချခဲ့ရပြီး ၂၀၂၅ ခုနှစ်၏ ပထမ ၄ လတာကာလတွင် ၎င်းတို့၏ ဗီယက်နမ်ပြည်တွင်း စုစုပေါင်းကားရောင်းချရမှုမှာ အစီးရေ ၄၄၆၉၁ စီး ရှိပြီဖြစ်ကြောင်း မေလ ၁၃ ရက်နေ့က ကြေညာခဲ့ပါသည်။ ပထမ ၄ လတကာကာလတွင် VF 3 မော်ဒယ်မှာ အစီးရေ ၁၅၄၆၆ စီးဖြင့် အများဆုံးရောင်းချခဲ့ရပြီး ၎င်း၏နောက်တွင် VF 5 မော်ဒယ်က အစီးရေ ၁၄၅၂၀ စီးနှင့် VF 6 မော်ဒယ်က အစီးရေ ၅၉၁၄ စီး ဖြင့်ရပ်တည်နေကြောင်း သိရပါသည်။ ထို့ပြင် ဧပြီလသည် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု အတွက် Herio Green နှင့် Nerio Green နှင့် ကျောင်းသားများအားပို့ဆောင်ပေးရန်အတွက် EB 6 လျှပ်စစ်ဘက်စ်များကို မိတ်ဆက်သည့် လ လည်းဖြစ်ကြောင်း သိရပါသည်။ VinFast Global Sales ၏ ဒုတိယအထွေထွေညွှန်ကြားရေးမှူး Duong Thi Thu Trang က VinFast သည် လူတိုင်းအတွက် အမျိုးသား EV အမှတ်တံဆိပ်ဖြစ်လာ ရန်အတွက် တည်ငြိမ်စွာလုပ်ဆောင် လျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ကျယ်ပြန့်သော အများပြည်သူ၏ ပံ့ပိုးမှုနှင့်အတူ ကုမ္ပဏီသည် ဗီယက်နမ်တွင် ၎င်းတို့၏ရည်မှန်းချက်ကြီးသောစီးပွားရေး ပန်းတိုင်ကို မကြာမီ ရောက်ရှိရန်နှင့် နိုင်ငံတကာဈေးကွက်များသို့ယုံကြည်ချက်ပြည့်ဝစွာ တိုးချဲ့ နိုင်ရန် မျှော်မှန်းလျှက်ရှိကြောင်း သိရပါသည်။

DOCA (ရန်ကုန်)