
ကမ္ဘောဒီးယားနိုင်ငံအလုပ်သမားနှင့် လုပ်သားထုလေ့ကျင့်ရေးဝန်ကြီး Heng Sour က နိုင်ငံ၏လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် တရုတ်ကို တောင်းဆိုခဲ့ပြီး ဒစ်ဂျစ်တယ်ခေတ်အတွက် ကျွမ်းကျင်မှုရှိသော လုပ်သားထုထူထောင်ရန် လိုအပ်ကြောင်း အသားပေးပြောကြားခဲ့ပါသည်။ ထိုတောင်းဆိုမှုကို Sour က ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ်နှင့် ကမ္ဘောဒီးယားနိုင်ငံအမျိုးသား ပိုလီတက်ကနစ် တက္ကသိုလ်တွင် ကျင်းပပြုလုပ်သော အစည်းအဝေးအတွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Sour က လုပ်သားထုထုတ်လုပ်နိုင်စွမ်းတိုးတက်ခြင်းသည် နိုင်ငံ၏ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ခြင်း နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ခြင်းတို့တွင် မုချလိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးက တရုတ်လုပ်ငန်းများနှင့် ကမ္ဘောဒီးယားအလုပ်သမားနှင့် လုပ်သားထုလေ့ကျင့်ရေး ဝန်ကြီးဌာနကြား ပိုမိုပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘောဒီးယား အလုပ်သမားများအား လေ့ကျင့်ပေးခြင်း အထူးသဖြင့် ဒစ်ဂျစ်တယ်နှင့် နည်းပညာမောင်းနှင်သောကဏ္ဍများတွင် ကျွမ်းကျင်မှုမြင့်မားရေးတို့တွင် ပံ့ပိုးပေးရန်တောင်းဆိုခဲ့ကြောင်း သိရပါသည်။ အပြန်အလှန်အနေဖြင့် Zhao က ကမ္ဘောဒီးယား၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပံ့ပိုးပေးရန် တရုတ်၏ ကတိကဝတ်ပြုမှုကို ပြန်လည်အတည်ပြုခဲ့ပြီး တရုတ်အစိုးရသည်လည်း နှစ်နိုင်ငံကြားကာလကြာရှည် ခင်မင်ရင်းနှီးမှုအားကောင်းရန်နှင့် ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးအရှိန်မြှင့်တင်ရန် ဆက်လက်ဆုံးဖြတ်ထားကြောင်းပြောကြားခဲ့ပါသည်။ ထိုအခမ်းအနားသည် ဒစ်ဂျစ်တယ်ခေတ်တွင် ပညာရေးနှင့် လုပ်သားထုတ်ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကမ္ဘောဒီးယား-တရုတ်ပူးပေါင်း ဆောင်ရွက်မှု အရှိန်အဟုန်အားကောင်းနေမှုကို မီးမောင်းထိုးပြနိုင်ခဲ့ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)