Main menu

ဝါဈေးနှုန်းဈေးကွက်

Powered by Drupal

        မြင်းခြံခရိုင်၏  ၂၀၂၄-၂၀၂၅ ခုနှစ် ဝါသီးနှံကို ခရိုင်ချုပ်အနေဖြင့် စိုက်ဧက (၂၁၁၀၅)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧကအားလုံးရိတ်သိမ်းနိုင်ခဲ့၍ တစ်ဧကလျှင်ပျမ်းမျှ အထွက် နှုန်း(၃၈၀.၃၃)ပိဿာဖြင့် အထွက်ပိဿာပေါင်း(၈၀၂၆၉၅၆)ပိဿာ ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ မြို့နယ်အလိုက်စိုက်ပျိုးမှု၊ ရိတ်သိမ်းမှုနှင့် အထွက်နှုန်းများအနေဖြင့် မြင်းခြံမြို့နယ်တွင်စိုက်ဧက(၈၉၀၅)၊ ရိတ်သိမ်းဧက(၈၉၀၅)နှင့် တစ်ဧကပျမ်းမျှ အထွက် နှုန်းမှာ (၄၅၀.၄၁)ပိဿာဖြင့် အထွက်ပိဿာပေါင်း(၄၀၁၀၉၀၃) ၊ တောင်သာမြို့နယ်တွင် စိုက်ဧက(၅၀၈၈)၊ ရိတ်သိမ်းဧက(၅၀၈၈)ဖြစ်ပြီး တစ်ဧကပျမ်းမျှ အထွက်နှုန်းမှာ(၂၆၅.၇၅)ပိဿာနှင့် အထွက်ပိဿာပေါင်း (၁၃၅၂၁၃၀)ပိဿာ၊ နွားထိုးကြီး မြို့နယ်တွင် စိုက်ဧက(၇၁၁၂)၊ ရိတ်သိမ်းဧက (၇၁၁၂)ဖြစ်ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၃၇၄.၅၇) ပိဿာ ၊အထွက်ပိဿာပေါင်း( ၂၆၆၃၉၂၃) ပိဿာထွက်ရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် မေလဒုတိယပတ်တွင် ဝါဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၃၀၀) ကျပ်များ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)