Main menu

ငရုတ်ခြောက် ဈေးနှုန်းဈေးကွက်

Powered by Drupal

           မြင်းခြံခရိုင်၏  ၂၀၂၄-၂၀၂၅ ခုနှစ် ငရုတ်သီးနှံကို ခရိုင်ချုပ်အနေဖြင့် စိုက်ဧက (၈၆၀)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧကအားလုံးရိတ်သိမ်းနိုင်ခဲ့၍ တစ်ဧကလျှင်ပျမ်းမျှ အထွက် နှုန်း(၁၁၃.၁၀)တင်းဖြင့် အထွက်တင်းပေါင်း(၉၇၂၆၆)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာ ဌာန၏ စာရင်းများအရ သိရှိရသည်။ မြင်းခြံခရိုင်တွင်ငရုတ်စိုက်ပျိုးမှုအနေဖြင့် မြင်းခြံ မြို့နယ်တွင်သာ စိုက်ပျိုးမှုရှိပြီး ကျန်မြို့နယ်များဖြစ်သည့် တောင်သာမြို့နယ်နှင့်နွားထိုး ကြီးမြို့နယ်များမှာ စိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် မေလဒုတိယ ပတ်တွင် ငရုတ်ခြောက်ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၁၀၀၀/၁၂၀၀၀) ကျပ် ဈေးများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)